DVB Logo
Home
မေးမြန်းခန်း
အရင် ရိုးအီနေတဲ့ပုံစံကနေ နည်းနည်းလေး ပြောင်းထွက်လာတာပါ (ကြေးမုံသတင်းစာ အယ်ဒီတာချုပ်)
DVB
·
November 4, 2011
အရင် ရိုးအီနေတဲ့ပုံစံကနေ နည်းနည်းလေး ပြောင်းထွက်လာတာပါ (ကြေးမုံသတင်းစာ အယ်ဒီတာချုပ်)
Donate to DVB

အရင်ကလို ရိုးအီနေတဲ့​ ပုံစံမျိုး မဟုတ်ဘဲ ပြည်သူအများ စိတ်ဝင်စားတဲ့ သတင်းတွေကို ခပ်သွက်သွက်​ ​ဖော်ပြပြီး သတင်းစာပုံစံ နည်းနည်း ​ပြောင်းလဲနေပြီး ရှေ့လျှောက်လည်း​ ဒီ​အတိုင်းပဲ ​ပြောင်းလဲဖော်ပြသွားမှာပါလို့ ​ကြေးမုံသတင်းစာ အယ်ဒီတာချုပ် ဦးခင်မောင်ကျော်ဒင်က ပြောပါတယ်။

အခုလဆန်းပိုင်းကစပြီး အယ်ဒီတာ့အာဘော်​ အပါအ၀င် သတင်းအချို့ လွတ်လွတ်​ လပ်လပ်​ ​ဖော်​ပြလာတာ​ ​တွေ့ရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးသန့် ဆက်သွယ် ​မေးမြန်းထားပါတယ်။

အခု ဒီရက်ပိုင်း ၃၊ ၄ ရက်လောက်ရှိပါပြီ။ ဦးခင်မောင်ကျော်ဒင်တို့ အယ်ဒီ့တာအာဘော်တွေက အစပေါ့နော် ပုံစံလေးတွေ ပြောင်းလဲလာတာ တွေ့ရပါတယ်။ ကျနော်တို့ သိချင်တာက သတင်းစာကပုံစံပြောင်းပြီလား။ ဘယ်လိုညွှန်ကြားချက်တွေနဲ့ ဘယ်လိုသွားကြမလဲခင်ဗျ။

“ကျနော်တို့က ခေတ်နဲ့အညီပေါ့။ ပြောင်းလဲလာတဲ့ စနစ်အရ လိုက်လျောညီထွေဖြစ်အောင် အသွင်ဖော်ဆောင်တာပါ။”

ဦးခင်မောင်ကျော်ဒင်တို့ စာတည်းမှုးအနေနဲ့ ကိုယ့်အတွေးအမြင်ကို တင်ပြလို့ရပြီ။ အရင်ကလို အထက်ကရေးခိုင်းတာမျိုး ပေါ်လစီကို လိုက်ရေးတာမျိုးမရှိတော့ဘူးလို့ ဆိုလိုချင်တာပါလားခင်ဗျ။

“ဟုတ်ပါတယ်။ ကျနော်တို့က ကနေ့ဖော်ဆောင်နေတဲ့အတိုင်းသွားတာပါ။ ကျနော်တို့ ခေတ်နဲ့အညီ အရင် ရိုးအီနေတဲ့ပုံစံကနေ​ နည်းနည်းလေး ​ပြောင်းထွက်လာတာပါ။”

အဲ့လိုပြောင်းလဲတာဟာ အခုကစပြီးပြောင်းပြီလို့ ပြောလို့ရလားခင်ဗျ။ ရံဖန်ရံခါ သတင်းစာတွေက အဲ့လိုပြောင်းလဲတတ်ပြီး ပြီးရင်တော့ ဒုံရင်းအတိုင်းပဲပြန်ဖြစ်တာလည်း တွေ့ရတတ်လို့ပါ။

“‘အခုတိုင်းပဲဆက်သွားမှာပါ။”

ဒီတိုင်းပဲဆိုတာကို ပရိသတ်နားလည်အောင် နည်းနည်းလေး ရှင်းပြပေးပါဗျ။

“အရင်ကတော့ ပုံစံသိပ်မကောင်းဘူးပေါ့။ ရိုးအီတာပေါ့။ အခုကတော့ နည်းနည်းခပ်သွက်သွက်လေးတွေ ကျနော်တို့က ဖော်ပြပေးနေတာပေါ့။ ပြည်သူလည်း စိတ်ဝင်စားမယ့် ကဏ္ဍလေးတွေ ပြောင်းလဲ ဖော်ပြပေးတာပေါ့။ ရှေ့လျှောက်လည်း ဒီတိုင်းပဲဆက်သွားမှာပါ။”

နောက်တပိုင်း ကျနော်တို့ သတိထားမိတာက အာဘော်တွေ မပြောင်းလာခင်မှာ သတင်းစာတွေမှာ တမျက်နှာလောက်ပေါ့ ပြင်ပ သတင်းထောက်တွေ ရေးသားပေးပို့တဲ့ လွတ်လပ်တဲ့သတင်းတွေ ရေးသား ဖော်ပြလာတာလည်း တွေ့ရပါတယ်။ ဒါကရော ပုံစံတကျပြောင်းလဲလာတာပါလား ဘယ်လိုပါလဲဗျ။

“ဒါလည်း ပုံစံပါပဲ အယ်ဒီ့တာအာဘော်လိုပါပဲ။ ကျနော်တို့ အခြေအနေပေးရင်ပေးသလို လုပ်သွားမှာပါ။ အခြေအနေပေးရင် ပေးသလို စိတ်ဝင်စားဖွယ်​ ​သတင်းလေးတွေ ပြည်သူ့​အကျိုးပြု သတင်းလေးတွေ၊ နိုင်ငံအကျိုးပြုသတင်းလေးတွေ ထည့်သွားမှာပါ။”

အခုဆိုရင် ဂျာနယ်ပိုင်းမှာဆိုရင်လည်း ကျနော်တို့ အရင်က မမြင်ရ မတွေ့ရ မဖတ်ရတဲ့ သတင်းမျိုးတွေလည်း တွေ့လာမြင်လာဖတ်လာရတယ်။ သတင်းစာမှာရော နောင်မှာ အဲဒီ့လောက်ထိဖော်ပြဖို့ ရှိလာမလားဗျ။

“နောင်တော့ ရှိလာမှာပါဗျ။”

သတင်းစာနဲ့ ပတ်သက်ပြီး သတင်းစာဖတ်ပရိသတ်ကို မီဒီယာကနေ ဘာများပြောချင်ပါလဲဗျ။

“အခုပြောင်းလဲလာတဲ့ အခြေအနေပေါ်မှာ​ မူတည်ပြီးတော့ ရှေ့လျှောက်လည်း ဒီ့ထက်မက​ ​ကောင်းတဲ့ ပြည်သူစိတ်ဝင်စားတဲ့ သတင်းလေးတွေကို အဆက်မပြတ်​ ထည့်သွင်း​ ​ဖော်ပြပေးသွားမယ်လို့ ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013