DVB Logo
Home
မြန်မာသတင်း
စစ်တွေဒုက္ခသည်စခန်းရှိ လူ ၁၇၀ ခန့် နေရပ်ရင်းပြန်ပို့
DVB
·
October 29, 2016
စစ်တွေဒုက္ခသည်စခန်းရှိ လူ ၁၇၀ ခန့် နေရပ်ရင်းပြန်ပို့
1 / 6
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဓည၀တီ အားကစားကွင်း ကယ်ဆယ်ရေး စခန်းရှိ ဒုက္ခသည် ၁၇၀ လောက်ကို သူတို့ နေရပ်ရင်း  ပြန်ပို့လိုက်တယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့ မနက်ပိုင်းက မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုကြောင့် စစ်တွေ၊ ကျောက်တော်နှင့် မြောက်ဦး မြို့နယ်တွေက ခေတ္တနေရပ်စွန့်ခွာလာကြတဲ့ ဒုက္ခသည်တွေကို အောက်တိုဘာ ၂၉ ရက်နေ့၊ မနက် ၇ နာရီက မလိခ အမြန်ရေယာဉ်နဲ့ ပို့ဆောင်ခဲ့ပေးခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ဒီနေ့ စစ်တွေမြို့ကနေ နေရပ်ရင်းပြန်သူ ၁၆၇ ဦးဖြစ်ပြီး စစ်တွေ ဓည၀တီ အားကစားကွင်း ကယ်ဆယ်ရေး စခန်းမှာ လတ်တလော ခိုလှုံနေသူပေါင်း ၃၀၀ လောက် ကျန်ရှိနေသေးတယ်လို့ ပြည်နယ်အစိုးရက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013