DVB Logo
Home
မြန်မာသတင်း
မြန်မာလူသားချင်းစာနာမှု ရန်ပုံငွေ ဒေါ်လာ ၆ သန်းခန့် ရရှိထား
DVB
·
October 29, 2016
မြန်မာလူသားချင်းစာနာမှု ရန်ပုံငွေ ဒေါ်လာ ၆ သန်းခန့် ရရှိထား
1 / 7
Donate to DVB

မြန်မာနိုင်ငံ လူသားချင်းစာနာမှုရန်ပုံငွေအတွက် အမေရိကန် ဒေါ်လာ ၆ သန်းနီးပါး ရရှိထားပြီး ၃.၈သန်းကို ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တို့က ပြည်သူများ အရေးပေါ်လိုအပ်ချက် ဖြည့်ဆည်းပေးသွားမယ်လို့ ရန်ကုန်၊ ကုလလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။

ဆွီဒင်အစိုးရက မြန်မာနိုင်ငံလူသားချင်းစာနာမှုရန်ပုံငွေအတွက် ဆွီဒစ်ငွေ ၅ သန်း အခုရက်ပိုင်း ပံ့ပိုးပေးခဲ့တာ အပါအ၀င် သြစတြေးလျ၊ ဗြိတိန် နိုင်ငံတို့ရဲ့ ပံ့ပိုးမှုတွေပေါင်းရင်  ၂ဝ၁၆ ခုနှစ် မြန်မာနိုင်ငံလူသားချင်းစာနာမှုရန်ပုံငွေအတွက် အမေရိကန် ဒေါ်လာ ၆သန်းနီးပါး ရရှိထားတယ်လို့ အောက်တိုဘာ ၂၇ရက်  ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ လူသားချင်းစာနာမှုရန်ပုံငွေကို လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက စီမံခန့်ခွဲပြီး၊ သဘာဝဘေးအန္တရာယ်၊ ပဋိပက္ခများကြောင့် ထိခိုက်ခံစားရသူတွေရဲ့ အရေးကြီးလိုအပ်ချက်တွေကို အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ရန်ပုံငွေတွေကို ပံ့ပိုးပေးပါတယ်။

မြန်မာနိုင်ငံ လူသားချင်းစာနာမှုရန်ပုံငွေရဲ့  ၅ဝ ရာခိုင်နှုန်းကိုတော့ အရေးပေါ်အခြေအနေတွေမှာ ရှေ့တန်းကနေ ဦးစွာ တုံ့ပြန်ဆောင်ရွက်သူတွေဖြစ်တဲ့ ပြည်တွင်း အစိုးမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ပံ့ပိုးပေးပါတယ်။

မြန်မာနိုင်ငံ လူသားချင်းစာနာမှုရန်ပုံငွေ စတင် တည်ထောင်တဲ့ ၂ဝဝ၇ ခုနှစ်က စတင်ပြီး အမေရိကန်ဒေါ်လာ ၁၆ သန်းကို မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ စီမံချက် ၅၇ ခုအတွက် ပံ့ပိုးပေးခဲ့ပြီးလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013