DVB Logo
Home
မြန်မာသတင်း
အပစ်မရပ်တပ်ဖွဲ့များ အချိန်မဆွဲရန် ဒေါ်အောင်ဆန်းစုကြည် ပြော
DVB
·
October 29, 2016
အပစ်မရပ်တပ်ဖွဲ့များ အချိန်မဆွဲရန် ဒေါ်အောင်ဆန်းစုကြည် ပြော
Donate to DVB

အပစ်ရပ်လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ အနေအထားကို နားလည်ပေမယ့် အချိန်မဆွဲကြပါနဲ့လို့ နိုင်ငံတ်ာအတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

အောက်တိုဘာ ၂၈ ရက်က နေပြည်တော်မှာလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပြီး တပ်ဖွဲ့တွေအနေနဲ့ အစိုးရကို နားလည်ပေးဖို့ လိုတယ်လို့လည်း ပြောပါတယ်။

"ကျမတို့ဟာ အချိန်ဆွဲနိုင်တဲ့အခြေအနေမှာ မရှိပါဘူး။ ကျမတို့နိုင်ငံဟာ အချိန်ဆွဲလို့မရပါဘူး။ ဆယ်စုနှစ်တွေနဲ့ချီပြီး ကျမတို့နိုင်ငံဟာ ငြိမ်းချမ်းရေးကို ငတ်မွတ်နေခဲ့တဲ့ နိုင်ငံပါ။ ငြိမ်းချမ်းရေးညီလာခံ ပြင်ပကနေပြီးတော့ အချိန်မဆွဲပါနဲ၊ အားလုံးပါဝင်ကြပါ။ ဒီလို ပြောခြင်းအားဖြင့် လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေရဲ့ အနေအထားကို ကျမတို့ နားလည်မှု မပေးလို့ မဟုတ်ပါဘူး၊ နားလည်မှု ပေးပါတယ်။ ဒါပေမယ့်လည်း တဖက်က ပြန်ပြီးတော့ ကျွန်မတို့ကို နားလည်မှုပေးစေချင်ပါတယ်။"

အစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ပြန်လည်သုံးသပ်မှုဆောင် ရွက်ချက်တွေကို UPDJC အတွင်းရေးမှူးအဖွဲ့က ရှင်းလင်းတင်ပြခြင်း၊ နိုင်ငံရေးဆွေးနွေးမှု အဆင့်ဆင့်ပုံစံကို ဆွေးနွေးအတည်ပြုခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ လုပ်ငန်းလမ်းညွှန်ကို ဆွေးနွေးအတည်ပြုခြင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကြီးကြပ်မှုကော်မတီ (တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ နေပြည်တော်ကောင်စီနယ်မြေ) လုပ်ငန်းလမ်းညွှန်ကို ဆွေးနွေးအတည်ပြုခြင်း၊ UPDJC ရုံးအဖွဲ့ ဖွဲ့စည်းပုံဆိုင်ရာ မူဝါဒအား အတည်ပြုခြင်း၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေး ပွဲများတွင် ဆွေးနွေးမည့်ခေါင်း စဉ်များ နှင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါတယ်။

အဲ့ဒီစည်းဝေးပွဲကို ဒီနေ့ ဆက်လက်ကျင်းပပြုလုပ်နေပြီး အစိုးရက ဒုတိယပင်လုံညီလာခံကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကျင်းပပြုလုပ်ဖို့ လျထားဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013