
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာအဝင် လယ်တောတဲထဲမှာ အောက်တိုဘာ ၂၇ ရက်နေ့မနက် ၈ နာရီ ခွဲအချိန်လောက်က ဒဏ်ရာနဲ့သေဆုံးနေတဲ့ အလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။
မိုးညှင်းမြို့ မြို့မရဲစခန်းမှုးဒုတိယရဲမှူး သိန်းထွန်းနဲ့အဖွဲ့က အခင်းဖြစ်လယ်တောတဲကို သွားရောက် စစ်ဆေးရာ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦး ဦးခေါင်းနောက်စေ့မှာ တလက်မခွဲခန့် ဒဏ်ရာနဲ့ သေဆုံးနေပြီး အနီးမှာ သွေးပေနေတဲ့ အချင်းကိုးလက်မခန့် စဉ်းတီတုံးကို တွေ့ရတယ်လို့ ဆိုပါတယ်။
သေဆုံးသူဟာ ဘီလူးကျေးရွာမြို့ဟောင်းကုန်းနေ ဦးရဲလွင်ထွန်းဖြစ်ပြီး ဇနီးဖြစ်သူက အမှုဖွင့်တိုင်ကြားခဲ့တဲ့အတွက် မိုးညှင်းမြို့မရဲစခန်းမှ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူကာ တရားခံဖော်ထုတ်နိုင်ရေး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်းသိရပါတယ်။











