DVB Logo
Home
မြန်မာသတင်း
ကလေးငယ်များ အာဟာရချို့တဲ့မှု လျှော့ချနိုင်ရေး ၃ နှစ်အတွင်း လုပ်မည်
DVB
·
October 28, 2016
ကလေးငယ်များ အာဟာရချို့တဲ့မှု လျှော့ချနိုင်ရေး ၃ နှစ်အတွင်း လုပ်မည်
Donate to DVB

၃ နှစ်အတွင်း မြန်မာနိုင်ငံမှာ ကလေးငယ်တွေ အာဟာရချို့တဲ့တာနဲ့ ပုညှပ်တာတွေကို လျှော့ချဖို့ အဓိထား ဆောင်ရွက်သွားမယ်လို့ Save the Children (နိုင်ငံကတာ လူမှုကူညီရေးအဖွဲ့အစည်း)  တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

မြန်မာနိုင်ငံအတွင်းက အသက် ၅ နှစ်အောက် ကလေး ၃ ယောက်မှာ ၁ ယောက်က အာဟာရချို့တဲ့ပြီး ပုညှက်တာကို ခံစားနေရပါတယ်။ အဲဒါကြောင့် အခုကစပြီး နောက် ၃ နှစ်အတွင်းမှာ ဒီကိစ္စတွေကို လျှော့ချနိုင်ဖို့ အဓိကဆောင်ရွက်မှာ ဖြစ်ပါတယ်။

Save the Children မှ Programme Development Director Kate Webely က “ကျမတို့ ဦးစားပေး ဆောင်ရွက်သွားမယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ ဒီနေ့ ဒီအချိန်ကနေစပြီးတော့ ၃ နှစ်တာ ကာလအတွင်းမှာ မြန်မာနိုင်ငံမှာ အာဟာရချို့တဲ့ခြင်းနဲ့ ပုညှက်ခြင်းကို လျှော့ချဖို့အတွက် အဓိကထားပြီးတော့ ကြိုးစား ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။ ဒီလို လျှော့ချဖို့ လုပ်ဆောင်တဲ့နေရာမှာ အစိုးရ၊ လူမှုအဖွဲ့အစည်းများ၊ တဦး တယောက်ချင်းစီတို့ရဲ့ ထောက်ပံ့ပေးမှုတွေနဲ့ ကျမတို့ လက်တွဲ လုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်ရှင်” လို့ ပြောပါတယ်။

ကလေး မွေးစကနေ ရက် ၁ ထောင်အတွင်းကို လစဉ် Save the Children ဖေ့စ်ဘွတ်ကနေ အာဟာရပြည့်အောင် နေထိုင်စားသောက်ပုံနဲ့ ပတ်သက်ပြီး မျှဝေသွားမှာပါ။ ဖေ့စ်ဘွတ်ကတဆင့် မိခင်တိုင်းဆီကို အသိပညာ ရသွားစေဖို့ ရည်ရွယ်တယ်လို့ Save the Children ရက် ၁ ထောင် စီမံကိန်းက သံတမန် သရုပ်ဆောင် သက်မွန်မြင့်က ပြောပါတယ်။

“သက်မွန်နှင့်အတူ ကလေးလေးတွေရဲ့ သူတို့ဘဝ ရက် ၁ ထောင်အစပိုင်းမှာ သူတို့ကို ဘယ်လိုအာဟာရကျွေးရမလဲ၊ ဒါတွေကို အာဟာရဆရာဝန်တွေရဲ့ ညွှန်ကြားချက်တွေကို ကိုယ်က sharing လုပ်ပေးရမယ်ဆိုတော့ ဝမ်းသာအားရ လက်ခံဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လည်း ဒုတိယကိုယ်ဝန်လွယ်တဲ့အချိန်မှာ၊ အနုပညာအလုပ်တွေ ရပ်နားတဲ့အချိန်မှာ၊ အချိန်ပေးနိုင်တဲ့ အချိန်လေးမှာ ကိုယ့်ကို ချစ်ခင်တဲ့ပရိသတ်တွေ အကျိုးရှိအောင် လုပ်ပေးချင်တယ်။”

မြန်မာနိုင်ငံမှာ ကလေးငယ်တွေ အာဟာရချို့တဲ့တာနဲ့ ပုညှက်တာတွေ ခံစားနေရတာကို ကျေးလက်ဒေသတွေမှာ အများဆုံး တွေ့ရပြီး ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တွေမှာလည်း တွေ့ရပါတယ်။

မိခင်တိုင်းအနေနဲ့ ကလေးတွေ အာဟာရ ပြည့်စုံအောင် နေထိုင်စားသောက်ပုံတွေနဲ့ ပတ်သက်ပြီး www.facebook.com/SavetheChildreninMyanmar မှာ Like လုပ်ပြီး ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013