DVB Logo
Home
မြန်မာသတင်း
မြန်မာငါးပိ ထိုင်းနိုင်ငံဘက်က အဝယ်လိုက်နေ
DVB
·
October 28, 2016
မြန်မာငါးပိ ထိုင်းနိုင်ငံဘက်က အဝယ်လိုက်နေ
Donate to DVB

 

မြန်မာနိုင်ငံကထွက်တဲ့ ငါးပိတွေကို ထိုင်းနိုင်ငံဘက်က အဝယ်လိုက်နေတယ်လို့ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်ရောင်းဝယ်သူတွေက ပြောပါတယ်။

အရင်က အရည်အသွေးနိမ့်တဲ့ငါးပိတွေကို ထိုင်းဘက်က ဝယ်ယူနေပေမယ့်လည်း အခုနောက်ပိုင်းမှာ အရည်အသွေးကောင်းမွန်တဲ့ ငါးပိတွေကိုသာယူကြပြီး ခုလပိုင်းတွေအတွင်း ငါးပိ ပိဿာချိန်ပေါင်း ၃ သိန်းကနေ ၅ သိန်းအထိ အဝယ်လိုက်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းငါးပိ၊ ငါးခြောက် ဈေးနှုန်းတွေကတော့ ပုံမှန်အတိုင်းသာရှိပေမယ့် အခုရာသီဥတု ကတော့ စိုထိုင်းနေတဲ့ကာလ ဖြစ်တာကြောင့် ငါးခြောက်ကတော့ လုပ်လို့ မရသေးတဲ့ အနေအထားမှာ ရှိနေတယ်လို့ မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ထုတ်လုပ်ရောင်းဝယ်သူများအသင်း အတွင်းရေးမှူး ဦးထွန်းစိန်က ပြောပါတယ်။

ထိုင်းနိုင်ငံဘက်က မြန်မာ ငါးပိ၊ ငါးခြောက်တွေ အဝယ်မလိုက်တာ အတော်ကြာနေပြီဖြစ်ပြီး အခုလပိုင်းအတွင်းမှာပဲ အဝယ်ပြန်လိုက်လာတာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ လုပ်ငန်းရှင်တချို့ သိုလှောင်ထားတဲ့ ငါးပိတွေပါ အဝယ်လိုက်လာတဲ့အတွက် ငါးပိ၊ ငါးခြောက်ဈေးကွက်က အရင်ထက်ပိုကောင်းလာတယ်လို့ ငါးပိ၊ ငါးခြောက် လုပ်ငန်းရှင်တချို့က သုံးသပ်ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013