DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့လည်ပတ်ချင်စရာအကောင်းဆုံး နိုင်ငံများစာရင်းတွင် မြန်မာက အဆင့် ၉ ရပ်တည် (ရုပ်သံ)
DVB
·
October 27, 2016
ကမ္ဘာ့လည်ပတ်ချင်စရာအကောင်းဆုံး နိုင်ငံများစာရင်းတွင် မြန်မာက အဆင့် ၉ ရပ်တည် (ရုပ်သံ)
1 / 10
Donate to DVB

ခရီးသွားဆိုင်ရာ နာမည်ကျော်ဝက်ဆိုဒ်တခုဖြစ်တဲ့ Lonely Planet က ထုတ်ပြန် တဲ့ ၂၀၁၇ ခုနှစ် ကမ္ဘာတလွှား သွားရောက်လည်ပတ်ဖို့ အကောင်းဆုံး ၁၀ နိုင်ငံ စာရင်းမှာ မြန်မာနိုင်ငံက နံပါတ် ၉ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

နံပါတ် ၁ နေရာမှာရှိနေတာကတော့ ကနေဒါနိုင်ငံဖြစ်ပြီး သူနောက်မှာတော့ အစဉ် လိုက် ကိုလံဘီယာ၊ ဖင်လန်၊ ဒိုမီနီကာနိုင်ငံတွေ ရှိနေပြီး နီပေါလ်နိုင်ငံကတော့ နံပါတ် ၅ နေရာမှာ ရှိနေခဲ့တာပါ။ နီပေါလ်နိုင်ငံရဲ့ နောက်မှာတော့ ဘာမျူဒါ၊ မွန်ဂိုလီးယား၊ အိုမန်၊ မြန်မာနဲ့ အီသီ ယိုပီးယားနိုင်ငံတွေ အသီးသီး ရှိနေခဲ့ပါတယ်။

ဝက်ဘ်ဆိုဒ်ရဲ့ တရားဝင်စာမျက်နှာပေါ်မှာတော့ “မြန်မာနိုင်ငံမှာ ရာစုနှစ်ဝက်အတွင်း အပြောင်းအလဲတွေနဲ့ ပထမဆုံးသော အရပ်သားအစိုးရတက်လာခဲ့ပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် ကြိုးစားနေကြချိန်မှာ အရှေ့တောင်အာရှရဲ့ အလျှို့ ဝှက်ဆုံးနိုင်ငံဆီ ခရီးသွားတွေကို လာရောက်ကြဖို့ ဆွဲဆောင်နေတာဖြစ်တယ်”လို့ ဖော်ပြ ထားပါတယ်။

လာရောက်လည်ပတ်မှုတွေမှာ စိန်ခေါ်မှုတွေနဲ့အတူ ဆုလာဘ်အဖြစ် ဘုန်းကြီး ကျောင်းတွေမှ ဆည်းလည်းသံတွေ၊ ဘုန်းတော်ကြီးတွေရဲ့ ဓမ္မတေးသံတွေနဲ့ နေ့စဉ်အ ဆုံးမရှိတဲ့ ဘဝဖြတ်သန်းမှုတွေကို ခံစားရစေမယ်လို့လည်း ညွှန်းဆိုထားပါတယ်။

[caption id="attachment_173713" align="aligncenter" width="964"]နံပါတ် ၂- ကိုလံဘီယာ နံပါတ် ၂- ကိုလံဘီယာ[/caption]

[caption id="attachment_173714" align="aligncenter" width="964"]နံပါတ် ၃- ဖင်လန် နံပါတ် ၃- ဖင်လန်[/caption]

[caption id="attachment_173715" align="aligncenter" width="964"]4-dominica နံပါတ် ၄ - ဒိုမီနီကာ[/caption]

 

[caption id="attachment_173716" align="aligncenter" width="964"]နံပါတ် ၅ - နီပေါ နံပါတ် ၅ - နီပေါ[/caption]

[caption id="attachment_173717" align="aligncenter" width="964"]နံပါတ် ၆ - ဘာမျူဒါ နံပါတ် ၆ - ဘာမျူဒါ[/caption]

[caption id="attachment_173718" align="aligncenter" width="964"]နံပါတ် ၇ - မွန်ဂိုလီးယား နံပါတ် ၇ - မွန်ဂိုလီးယား[/caption]

[caption id="attachment_173719" align="aligncenter" width="964"]နံပါတ် ၈ - အိုမန် နံပါတ် ၈ - အိုမန်[/caption]

[caption id="attachment_173720" align="aligncenter" width="964"]နံပါတ် ၉ - မြန်မာ နံပါတ် ၉ - မြန်မာ[/caption]

[caption id="attachment_173721" align="aligncenter" width="964"]နံပါတ် ၁၀ - အီသီယိုးပီးယား နံပါတ် ၁၀ - အီသီယိုးပီးယား[/caption]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013