DVB Logo
Home
မြန်မာသတင်း
ရန်ကုန်လေဆိပ်ထဲ ခိုးဝင်ရန်ကြိုးစားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးကို ဖမ်းမိ
DVB
·
October 27, 2016
ရန်ကုန်လေဆိပ်ထဲ ခိုးဝင်ရန်ကြိုးစားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးကို ဖမ်းမိ
Donate to DVB

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းကို ခိုးဝင်ဖို့ကြိုးစားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အမျိုးသားတဦးကို  ဖမ်းဆီးရမိအရေးယူထားတယ်လို့  ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၂၅ ရက် ညနေ ၆ နာရီ ၁၅ မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆိုက်ရောက်/ ထွက်ခွာဆောင် အသစ်(Terminal-3) ဆောက်လုပ်ဆဲ အဆောက်အအုံသစ်အနီး မသင်္ကာဖွယ်လူတယောက်ကို အစောင့်ဝန်ထမ်းက တွေ့ရှိ မေးမြန်းခဲ့ပြီးနောက် လေဆိပ်လုံခြုံရေးက လေကြောင်းရဲတပ်ဖွဲ့ထံ အပ်နှံခဲ့တာပါ။

ဖမ်းဆီးမိသူဟာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်တဲ့ အသက် ၃၃ နှစ်အရွယ်  ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မိုဟာမက် ဟနီဖာဇ် ဇာမန် (Mohammad Hanifuz Zaman)   ဆိုသူ ဖြစ်ပါတယ်။

အဆိုပါ ပုဂ္ဂိုလ်ဟာ အောက်တိုဘာ ၂၅ ရက် နေ့လယ်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ  ဒါကာမြို့ကနေ ရန်ကုန်ကို လာတဲ့ နိုဗိုအဲ လေယာဉ်နဲ့ လိုက်ပါလာပြီး ရန်ကင်းမြို့နယ်မှာရှိတဲ့ Real Link မိုတယ်မှာ တည်းခိုကာ  ရန်ကုန်လေဆိပ်ကို ပြန်လာပြီး လေဆိပ်ထဲ ခိုးဝင်ဖို့ ကြိုးစားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ဘာရည်ရွယ်ချက်နဲ့ လေဆိပ်ထဲကို ခိုးဝင်ဖို့ကြိုးစားခဲ့တာလည်းဆိုတာကိုတော့ မသိရသေးပါဘူး။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားကို  ဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့  မင်္ဂလာဒုံ မြို့မရဲစခန်းနဲ့  လေကြောင်းရဲတပ်ဖွဲ့တို့က စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လက်ရှိ ရန်ကုန်လေဆိပ်လုံခြုံရေးကို တိုးမြှင့်လိုက်ပြီး ၄င်းဝင်ရောက်ခဲ့တဲ့ နေရာ တစ်ဝိုက် သက်ဆိုင်ရာက မိုင်းရှာဖွေရေးအဖွဲ့တွေနဲ့ ရှင်းလင်းဆောင်ရွက်ခဲ့ပေမယ့် ထူးခြားမှုတစုံတရာ မတွေ့ဘူးလို့ အစိုးရသတင်းမှာ ရေးသားဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013