DVB Logo
Home
မြန်မာသတင်း
မြစ်ဆုံအရေးလှုပ်ရှားသည့်အဖွဲ့အပါအ၀င် ပြောင်းရွှေ့ခံ ပြည်သူများ မေးမြန်းခံနေရ
DVB
·
October 27, 2016
မြစ်ဆုံအရေးလှုပ်ရှားသည့်အဖွဲ့အပါအ၀င် ပြောင်းရွှေ့ခံ ပြည်သူများ မေးမြန်းခံနေရ
Donate to DVB

အောက်တိုဘာလ ၂၀ ရက်နေ့က မြစ်ဆုံစောင့်ကြည့်ရေးအဖွဲ့ ဆိုတဲ့ နာမည်နဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ စာတစောင်ရောက်ရှိခဲ့တာနဲ့ ပတ်သက်ပြီး မြစ်ဆုံအရေး လှုပ်ရှားတဲ့အဖွဲ့ အပါအဝင် ပြောင်းရွှေ့ခံ အောင်မြင်သာရွာက ပြည်သူများ မေးမြန်းခံနေရတယ်လို့ သိရပါတယ်။

ဒီစာထဲမှာတော့ မြစ်ဆုံပတ်ဝန်းကျင်နားမှာ ရွှေတူးနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တင်ပြထားတဲ့စာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ စာကို မည်သူရေးပြီး ပို့သလဲဆိုတာကို မေးမြန်းခံရတယ်လို့ သိရပါတယ်။

“မေးတာကတော့ စာကို နင့်တို့ ရေးသလား၊ ကျမတို့က ရေးပြီးမပို့ပါဘူး။ ဒါမျိုးတွေ ဘယ်သူရေးနိုင်သလဲ မြစ်ဆုံအကြောင်းရေးပြီး ပို့နိုင်သူတွေဘယ်သူရှိသလဲ စတဲ့မေးခွန်းတွေကို မေးမြန်းခံရတယ်”လို့ ဒေသခံကပြောပါတယ်။

ဒီမေးမြန်းခံရတဲ့ မြစ်ဆုံစောင့်ကြည့်ရေးအဖွဲ့လို့ရေးထားပေးမယ့် ဒီစာကိုတော့ လက်ရှိ အောင်မြင်သာရွာမှာ နေထိုင်သူတွေကရေးပြီး တင်ပြခဲ့တာမဟုတ်ဘူးလို့ပြောပါတယ်။

ဒါကြောင့်ဒီစာနဲ့ပတ်ပြီးမေးတာလား မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီး မေးတာလားဆိုတာကို ရှင်းလင်းစွာသိရှိဖို့ ရွာသားအားလုံး လက်မှတ်ရေးထိုးပြီး စာထပ်တင်ထားတယ်လို့လည်း သိရပါတယ်။

ဒ်ီမေးမြန်းရာမှာပါခဲ့တဲ့ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူးကတော့ “မြစ်ဆုံနားပတ်ဝန်းကျင် ရွှေတူးတဲ့ကိစ္စပါ။ နေရာကြည့်ရင်း သွားမေးကြည့်တာပါ။ အခုလည်း ထပ်ပြီး ပြန်သွားကြည့်ရအုံး မယ်”လို့မြို့နယ်ရဲတပ်ဖွဲ့မှူးကပြောပါတယ်။

မြစ်ဆုံ အောင်မြင်သာရွာသားတွေကို လွန်ခဲ့တဲ့အောက်တိုဘာ ၅ ရက်နေ့က ဝန်ကြီးချုပ်ထံ ရောက်ရှိခဲ့တဲ့စာနဲ့ပတ်သက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ မြို့နယ်ထွေအုပ်တွေ လာရောက်မေးမြန်းမှု တွေ ရှိခဲ့ပြီး ဆက်လက်ပြီးတော့လည်း ရွာသားတွေကို မေးမြန်းမှုတွေ ရှိနေတယ်လို့ အမေးခံရသူတွေကပြောပါတယ်။

သင်းသင်းနွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013