DVB Logo
Home
မြန်မာသတင်း
ရန်ကုန်အနှံ့ တိုက်ခတ်သွားသည့်လေပွေလှိုင်း အားကောင်းလာရန် ရှိ၊ မရှိ မိုးဇလစောင့်ကြည့်
DVB
·
October 27, 2016
ရန်ကုန်အနှံ့ တိုက်ခတ်သွားသည့်လေပွေလှိုင်း အားကောင်းလာရန် ရှိ၊ မရှိ မိုးဇလစောင့်ကြည့်
Donate to DVB

 

ရန်ကုန်မြို့အနှံ့မှာ မနေ့ညက တိုက်ခတ်သွားတဲ့ အရှေ့လေပွေလှိုင်း အားကောင်းလာဖို့ ရှိ၊ မရှိ ဆက်လက်စောင့်ကြည့်ရမယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းကြောင့် အောက်တိုဘာ ၂၇ ရက်နေ့ည ၁၀နာရီ ကျော်လောက်က ရန်ကုန်မြို့အနှံ့မှာ လေပြင်းတိုက်ခတ်ကာ လျှပ်စီးလက်ပြီး မိုးရွာသွန်းခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ရန်ကုန်မြို့တွင် မြို့နယ်အချို့မှာ သစ်ပင်တွေလဲ၊ သစ်ကိုင်းကျိုးတာ၊ လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျလျှပ်စစ်မီးတွေပျက်မှု ဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်မြို့ခံတွေ အနေနဲ့ စိုးရိမ်ထိတ်လန့်ခဲ့ရပါတယ်။

ကြည့်မြင်တိုင်၊ စမ်းချောင်း၊ သုဝဏ္ဏ၊ သာကေတနဲ့   ဒဂုံမြို့သစ်ဆိပ်ကမ်း စတဲ့ မြို့နယ်တွေမှာ လေပြင်းတိုက်လို့ သစ်ပင်တွေလဲကျတာနဲ့  နေအိမ်သွပ်မိုးတွေ လွှင့်ထွက်တာ တွေနဲ့ကြုံတွေ့ ခဲ့ရပါတယ်။

အရှေ့လေပွေလှိုင်းဟာ ဆက်လက်အားကောင်းလာနိုင်သေးတဲ့အတွက် ဒီကနေ့ည အစောပိုင်းအချိန်ထိ စောင့်ကြည်ရမယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်ဟန်ဆွေက ပြောပါတယ်။

လေပွေလှိုင်းဟာ မိုးတိမ်တောင်တွေ ပေါင်းဆုံရာကနေ ဖြစ်ပွားတာဖြစ်ပြီး လေပြင်းတိုက် မိုးရွာသွန်းရင် ပျက်ပြယ်သွားတယ်လို့လည်း ပြောပါတယ်။

အခု ဖြစ်ပေါ်နေတဲ့ လေပွေလှိုင်းဖြစ်စဉ်ဟာ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းနဲ့ သက်ဆိုင်မှုမရှိဘူးလို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013