DVB Logo
Home
မြန်မာသတင်း
မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နှစ်နိုင်ငံခေါင်းဆောင်များသဘောတူ
DVB
·
October 27, 2016
မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နှစ်နိုင်ငံခေါင်းဆောင်များသဘောတူ
Donate to DVB

 

မြန်မာသမ္မတ ဦးထင်ကျော်နဲ့  ဗီယက်နမ်သမ္မတ ကျန်ဒိုင်ကွမ်းတို့ တွေ့ဆုံပြီး နှစ်နိုင်ငံ အစိုးရချင်း၊ ပါတီချင်း၊ လွှတ်တော်ချင်းနဲ့  ပြည်သူအချင်းချင်း ထိတွေ့သွားလာမှုတွေပိုလုပ်ပြီး နိုင်ငံရေးနဲ့ သံတမန်ဆက်ဆံရေးမြှင့်တင်ဖို့သဘောတူခဲ့ကြပါတယ်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ချစ်ကြည်ရေးခရီးရောက်ရှိနေတဲ့ မြန်မာသမ္မတကို ဗီယက်နမ် သမ္မတက မနေ့က သမ္မတအိမ်တော်မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုကာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီခဲ့တာပါ။

မြန်မာ- ဗီယက်နမ်နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်တွေပါဝင်တဲ့ဆွေးနွေးပွဲ ကျင်းပရာမှာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တိုးမြှင့်ရေး၊ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ပိုမိုပူပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ တပ်မတော်များအကြား ဆက်ဆံမှုတိုးမြှင့်ရေးနှင့် ဒေသတွင်းနှင့်နိုင်ငံတကာ ကိစ္စရပ် များကို ဆွေးနွေးကြပြီးနှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တယ်လို့ မြန်မာသမ္မတရုံးက သတင်းထုတ်ပါတယ်။

ဒီကြေညာချက်မှာ နှစ်နိုင်ငံ ဆက်ဆံမှု တိုးမြှင့်ရေး၊ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး၊ ရင်းနှီးမြှပ်နှံမှုနှင့် ကုန်သွယ်မှုတိုးမြှင့်ရေး၊ စီအမ်လ်အမ်ဗွီနှင့် အက်မက်စ် မူဘောင်အောက်မှာ နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးတွေပါဝင်တယ်လို့လည်းဆိုပါတယ်။

ဒါ့ပြင် နိုင်ငံတော်သမ္မတခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ  ဗီယက်နမ် ၀န်ကြီးချုပ် ဦးဆောင်တဲ့ အဖွဲ့နဲ့လည်း တွေ့ဆုံပြီး နှစ်နိုင်ငံစိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းကဏ္ဍပူးပေါင်း ဆောင်ရွက်ရေး၊ လေကြောင်းခရီးစဉ်တိုးချဲ့နိုင်ရေး စတာတွေ ဆွေးနွေးခဲ့ကြသလို မြန်မာသမ္မတဟာ ဗီယက်နမ်ကွန်မြူပါတီ အထွေထွေအတွင်းရေးမှူး  ငုယင်ဖုချောင့်နဲ့လည်း ပါတီရုံးချုပ်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မြန်မာသမ္မတ ဦးထင်ကျော်ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဟနွိုင်းမြို့မှာ ကျင်းပတဲ့ မဲခေါင်ဒေသတွင်း နိုင်ငံများထိပ်သီးအစည်းအဝေးတွေ တက်ရောက်ပြီးနောက် တရားဝင်ချစ်ကြည်ရေးခရီးသွား ဆက်လက်သွားရောက်နေတာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013