DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် ခရီးသည်တင်ယာဉ်ပေါ်မှ အေးခဲကြက်သားများ ဖမ်းဆီးရမိ
DVB
·
October 27, 2016
မြိတ်တွင် ခရီးသည်တင်ယာဉ်ပေါ်မှ အေးခဲကြက်သားများ ဖမ်းဆီးရမိ
1 / 3
Donate to DVB

မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင် ကျေးရွာလမ်းဆုံတွင် အောက်တိုဘာလ ၂၇ မနက် ၃ နာရီအချိန်က အေးခဲကြက်သားတွေကို ဖမ်းဆီးရမိခဲ့ပါတယ်။

အေးခဲကြက်သားတွေကို ကော့သောင်းမြို့ကနေ ထားဝယ်မြို့ကို ထွက်ခွာလာတဲ့ ယာဉ်မောင်း အောင်မြင့်စိုး မောင်းနှင်လာတဲ့ မိုးကောင်းကင် အမည်ရှိ ခရီးသည်တင်ယာဉ်ပေါ်ကနေ ဖမ်းဆီးရခဲ့တာလို့ မြိတ်မြို့ ရဲစခန်းက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ အေးခဲကြက်သားတွေကတော့ ၇၀ ကီလိုပါ ၉ အိတ်၊ ၆၀ ကီလိုပါ ၁ အိတ် စုစုပေါင်း ၁၀ အိတ် ဖြစ်ပါတယ်။

အေးခဲကြက်သားတွေဟာ တရားဝင်တင်သွင်းခွင့်မရှိတဲ့ စားသောက်ကုန်တမျိုးဖြစ်ပြီး တင်သွင်းပါက ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ သိရပါတယ်။

ပြည်သူ့ကျန်းမာရေးကို ထိခိုက်စေမယ့် အဆိုပါ အေးခဲကြက်သားတွေ တင်ဆောင်လာတဲ့ ယာဉ်မောင်းဖြစ်သူ ဦးအောင်မြင့်စိုးကို ဥပဒေအရ အရေးယူနိုင်ဖို့ စစ်ဆေးဆောင်ရွက်နေကြောင်း မြိတ်မြို့နယ် ရဲစခန်းက ဆိုပါတယ်။

လက်ရှိအချိန်ထိ မြိတ်ဈေးကွက်အတွင်း အေးခဲကြက်သားတွေကို ဖြန့်ဖြူးရောင်းချမှုတွေ ရှိနေကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013