DVB Logo
Home
မြန်မာသတင်း
နိုဝင်ဘာ ၁ ရက် မြို့နယ် ၂၂ ခုတွင် မဲစာရင်းကောက်မည်
DVB
·
October 27, 2016
နိုဝင်ဘာ ၁ ရက် မြို့နယ် ၂၂ ခုတွင် မဲစာရင်းကောက်မည်
Donate to DVB

နိုဝင်ဘာ ၁ ရက်ကစပြီး ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ် ၂၂ ခုမှာ မဲဆန္ဒရှင် စာရင်းတွေကို အိမ်တိုင်ရာရောက် ကောက်ယူ သွားမယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကောင်းမြတ်ဟိန်းသူက “ကြားဖြတ် ရွေးကောက်ပွဲလုပ်မှာက ၂၂ မြို့နယ် ဖြစ်သွားမယ်ဗျ။ နောက်ဆုံး လစ်လပ်သွားတဲ့ ညောင်ရွှေ ၁ အပါအ၀င် လစ်လပ်တာက ၁၉ နေရာ၊ ဒါပေမယ့် ဥပမာ ရန်ကုန် အမျိုးသား ၆ ဆိုရင် ၇ မြို့နယ် ပါတယ်ဗျ။ မဲဆန္ဒနယ်အနေနဲ့တော့ အမျိုးသား ၆ တခုပဲ၊ ဒါပေမယ့် မြို့နယ် ၇ခု ပါနေတယ်။ အဲ့ဒီတော့ မြို့နယ်အနေနဲ့ ပေါင်းလိုက်ရင် ၂၂မြို့နယ် ဖြစ်သွားမှာပေါ့” လို့ ပြောပါတယ်။

တခါ နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများအနေနဲ့ နိုဝင်ဘာ ၁၅ ရက်ကစပြီး ကြိုတင်မဲ ပေးနိုင်ကြမှာ ဖြစ်ပါတယ်။

ကြိုတင်မဲပေးနိုင်မယ့် ပုံစံ ၁၅ စာရွက်တွေကို ကော်မရှင်ဝက်ဘ်ဆိုဒ်မှာသော်လည်းကောင်း၊ သက်ဆိုင်ရာ သံရုံးများမှာသော်လည်းကောင်း နိုဝင်ဘာ ၁ရက်ကစလို့ ရယူနိုင်ပြီး နိုဝင်ဘာ ၁၅ရက်ကစလို့ ကြိုတင်မဲ ပေးနိုင်ကြမှာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ ကြိုတင်မဲပေးနိုင်မယ့်ရက်ကိုတော့ ကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲရက် နီးမှ ထပ်မံ ကြေညာပေးမှာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်၊ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲလုပ်တဲ့အခါ မဲရုံမှူးနဲ့ မဲရုံဝန်ထမ်း အများစုကို ပညာရေးဌာနက ဆရာ ဆရာမများကိုပဲ တာဝန်ပေးမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက မနေ့က အစည်းအဝေးပွဲမှာ ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013