DVB Logo
Home
မြန်မာသတင်း
မိုက်ကယ်ဂျက်ဆင်သီချင်းဖြင့် သရုပ်ဖော်သည့် ဟောလိုးဝင်းပါတီည သတိပေးရုပ်သံ ရေပန်းစား
DVB
·
October 27, 2016
မိုက်ကယ်ဂျက်ဆင်သီချင်းဖြင့် သရုပ်ဖော်သည့် ဟောလိုးဝင်းပါတီည သတိပေးရုပ်သံ ရေပန်းစား
Donate to DVB

    အင်္ဂလန်နိုင်ငံ၊ ကင်းမ်ဘရစ်ခ်ျမြို့မှ မီးသတ်တပ်ဖွဲ့ရဲ့ လာမယ့်ဟောလိုးဝင်းပါတီည သတိပေးချက်ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောမှာ ရေပန်းစားနေတယ်လို့ မေရာသတင်းမှာ အောက်တိုဘာလ ၂၅ ရက်နေ့က ဖော်ပြပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ မီးသတ်တပ်ဖွဲ့ဝင်တွေက ပါဝင်သရုပ်ဆောင်ထားကြပြီး နာမည်ကျော် ပေါ့ပ်စတားတဦးဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့ Thrillers သီချင်းနဲ့ သရုပ်ဆောင် ကပြထားခဲ့ကြတာပါ။

    ကင်းမ်ဘရစ်ခ်ျရှိုင်းယား မီးသတ်နဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဟာ လာမယ့် ဟောလိုးဝင်းပါတီ ညအတွက် အများပြည်သူ ဆောင်ရန်၊ ရှောင်ရန်တွေကို ဒီရုပ်သံဗွီဒီယိုဖိုင်နဲ့အတူ သတိပေးလိုက်တာပါ။

    သူတို့အဖွဲ့ရဲ့ အမည်ကိုတော့ Cambridge Black Watch လို့ အမည်ပေးထားတာ ဖြစ်ပြီး မနှစ်ကတော့ မေရီပေါ့ပ်ပင်းရဲ့ Step in Time နဲ့ ထုတ်လွှင့်သတိပေးခဲ့ပါတယ်။

    ဒီလို ထုတ်လွှင့်ဖို့ဆိုတာ သူတို့လို အချိန်ပြည့် အလုပ်များနေသူတွေအဖို့ သိပ်တော့ မလွယ်ကူလှပါဘူး။

    ဒါကတော့ ပွဲတော်ညမှာ အများပြည်သူ အန္တရာယ်ရှိစေမယ့် အပြုအမူတွေကို ရှောင်ကြဉ်နိုင်စေဖို့ ကြိုးပမ်းမှုတခုပါပဲ။

    သတိပေးချက်တွေကတော့ (၁) အဲဒီညမှာ ဝတ်ဆင်မယ့် အဝတ်အစားတွေကို နာမည်ဂုဏ်သတင်းရှိပြီးသား အပ်ချုပ်ဆိုင်တွေက ဝယ်ယူပြီး CE အမှတ်တံဆိပ်ကို ရှာဖွေပါ။ (၂) ကလေးတွေကို ကိုယ်နဲ့မကွာ စောင့်ကြပ်နေပါ။ (၃) ကိုယ်ဝတ်ဆင်တဲ့ အဝတ်အစားတွေကို မီးလောင်စွဲလွယ်တဲ့ ဖယောင်းတိုင်တွေ၊ စီးကရက်တွေနဲ့ ဝေးဝေးရှိနေပါစေ။ (၄) ဖရုံသီး မီးအိမ်တွေထဲမှာ ဖယောင်းတိုင်တွေ ထွန်းမယ့်အစား LED မီးလုံးတွေကို အသုံးပြုပါ။ (၅) တကယ်လို့များ ခင်ဗျားတို့ရဲ့ အဝတ်အစားတွေ မီးလောင်ပြီဆိုရင်တော့ ရပ်လိုက်ပြီး ကိုယ်ကို လှိမ့်ချလိုက်ဖို့ မမေ့ပါနဲ့ လို့ ထုတ်ပြန်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013