DVB Logo
Home
မြန်မာသတင်း
အရက်မသောက်ရန်ဆုံးမသည့် အဘွားကို မြေးဖြစ်သူက ရိုက်သတ်
DVB
·
October 27, 2016
အရက်မသောက်ရန်ဆုံးမသည့် အဘွားကို မြေးဖြစ်သူက ရိုက်သတ်
Donate to DVB

 

အောက်တိုဘာ ၂၅ ရက်နေ့က သရက်မြို့နယ်မှာ အရက်မသောက်ဖို့ ဆုံးမတဲ့ အဘွားကို မြေးဖြစ်သူက ရိုက်သတ်မှုတခု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖေ့ဘွခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ဘန့်ပြင်ကျေးရွာမှာ အောက်တိုဘာလ ၂၅ ရက်နေ့ မနက် ၉ နာရီ ၃၀ မိနစ်အချိန်  ဘန့်ပြင်ကျေးရွာနေ အသက် ၈၆ နှစ်အရွယ် ဒေါ်စိန်အေးကို မြေးဖြစ်သူ အသက် ၃၅ နှစ်အရွယ် ကြည်မြင့်က အရက်မူးပြီး ရိုက်နှက်ခဲ့တာပါ။

ဒေါ်စိန်အေးရဲ့ မြေးဖြစ်သူနောက်တဦးဖြစ်တဲ့ အောင်သန်း (၄၀)နှစ်မှ သွားရောက်ကြည့်ရှုရာ နေအိမ်လှေကားခြေရင်းမှာ လဲကျနေတဲ့ ဒေါ်စိန်အေးကို မြေး ကြည်မြင့်က ဝါးတုတ်နဲ့ ရိုက်နှက်နေတဲ့အတွက် ဝိုင်းဝန်းဖမ်းဆီးမေးမြန်းခဲ့ရာ ဒေါ်စိန်အေးက အရက်မူးနေတဲ့ ကြည်မြင့်ကို အရက်မသောက်ဖို့ ပြောဆိုဆုံးမစဉ် ကြည်မြင့်မှ ဒေါသထွက်ကာ အနီးရှိ ကျောက်ခဲဖြင့်ထုပြီး ဝါးတုတ်နဲ့ ဆက်လက်ရိုက်နှက်ခဲ့တယ်လို့ ပြောပါတယ်။

ဒေါ်စိန်အေးမှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတဲ့အတွက် မြေးဖြစ်သူ ကြည်မြင့်ကို သရက်မြို့မရဲစခန်း (ပ)၈၈၂/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် အရေးယူထားတယ်လို့ သိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013