DVB Logo
Home
မြန်မာသတင်း
နို့ဖိုးဒုက္ခသည်စခန်းက ကရင်ဒုက္ခသည်များ ပထမဆုံးအကြိမ် နေရပ်ပြန် (ဓာတ်ပုံ)
DVB
·
October 26, 2016
နို့ဖိုးဒုက္ခသည်စခန်းက ကရင်ဒုက္ခသည်များ ပထမဆုံးအကြိမ် နေရပ်ပြန် (ဓာတ်ပုံ)
1 / 11
Donate to DVB

ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းကနေ ဒုက္ခသည် အိမ်ထောင်စု ၁၉  စု၊   လူဦးရေ ၆၅ ဦးတို့ ဒီကနေ့မနက်က  မြန်မာနိုင်ငံဘက်ကို အစိုးရရဲ့ အစီအစဉ်နဲ့ ပထမဆုံးအကြိမ် တရားဝင် ပြန်လည်ဝင်ရောက်ပါတယ်။

ဒီကနေ့မနက် ၈ နာရီ စခန်းကနေ စတင်ထွက်ခွာသွားပြီဖြစ်ပြီး ဒုက္ခသည်တွေကို ထိုင်း အာဏာပိုင်တွေက စခန်းကနေ မြဝတီအထိ ပို့ဆောင်ပေးပြီး  မြန်မာအစိုးရ တာဝန်ရှိ သူတွေ ဘက်ကတော့ မြ၀တီမြို့ ကျောက်လုံးကြီး ယာယီစခန်းမှာ နေရာချထားဖို့  ပြင်ဆင်ထား ပါတယ်။

ကာယကံရှင်တွေရဲ့ ဆန္ဒအလျောက် အခုလို တရားဝင်ပြန်လည်ပို့ဆောင်ပေးတဲ့အစီအစဉ်မှာ UNHCR အနေနဲ့ လူကြီးတဦးကို ထိုင်းဘတ်ငွေ ၈၃၀၀ နဲ့ ကလေးတဦးကို ဘတ် ၆၅၀၀ ပံ့ပိုးကူညီပေးခဲ့ပြီး၊ မြန်မာဘက်အခြမ်းမှာ မိသားစုတစုကို ကျပ်ငွေ ၃ သိန်းစီ၊ အလုပ်မရခင်ကာလအထိ လူတဦးကို စားစရိတ်အနေနဲ့ တနေ့  ၃၀၀၀ ကျပ်ကို ပုံမှန်ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

သတင်းဓာတ်ပုံ - ဉာဏ်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013