DVB Logo
Home
မြန်မာသတင်း
လစ်လပ်မဲဆန္ဒနယ်မြေအားလုံးတွင် အန်အယ်လ်ဒီ ၀င်ရောက်ယှဉ်ပြိုင်မည်
DVB
·
October 26, 2016
လစ်လပ်မဲဆန္ဒနယ်မြေအားလုံးတွင် အန်အယ်လ်ဒီ ၀င်ရောက်ယှဉ်ပြိုင်မည်
Donate to DVB

လာမယ့်ဧပြီလ ၁ ရက်နေ့ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့  လစ်လပ်နေရာအားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ အန်အယ်လ်ဒီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။

“နေရာအားလုံးဝင်ပြိုင်မှာပါ။ ကျနော်တို့ အောင်နိုင်ရေးဘာညာတော့ ဘာမှမခွဲရသေးပါဘူး။ လူလည်းမရွေးရသေးပါဘူး။ မကြာခင်လုပ်မှာပါ။ ”

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့  ကော့မှူးမြို့နယ်မှာလည်း အန်အယ်လ်ဒီက ဘယ်သူကို အစားထိုးယှဉ်ပြိုင်ဖို့ ရွေးချယ်မလဲဆိုတာလည်း မသိရသေးပါဘူး။

နိုင်ငံတ၀န်း လစ်လပ်မဲဆန္ဒနယ်မြေ ၁၈ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲတွေကို လာမယ့် ၂၀၁၇ ခ ဧပြီ ၁ ရက်မှာ ကျင်းပပြုလုပ်သွားဖိုရှိနေတာပါ။  ညောင်ရွှေမဲဆန္ဒနယ် အမှတ် (၁) က လွှတ်တော်အမတ်တဦး ကွယ်လွန်သွားတဲ့အတွက် ရွေးကောက်ပွဲ ကျင်းပမယ့် လစ်လပ်နေရာပေါင်း ၁၉ နေရာ ဖြစ်လာဖို့ရှိနေပါတယ်။

လတ်တလော ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ် ၉ ခု၊ အမျိုးသားလစ်လပ်မဲဆန္ဒနယ် ၃ခုနဲ့ ပြည်နယ်တိုင်း လွှတ်တော်လစ်လပ်နယ်မြေ ၆ ခု တို့မှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅  အထွေထွေရွေးကောက်ပွဲမှာ လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ မလုပ်ဖြစ်ခဲ့တဲ့ မြို့နယ် ၇ ခု အနက် ၂ ခုကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်မှာ ဖြစ်ပေမယ့် ကျန် ၅ ခုမှာတော့ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ပေးနိုင်သေးပါဘူး။

ပန်ဆန်း၊ ပန်ဝါ၊ နားဖန်း၊ မိုင်းမောနဲ့ မိုင်းလား မြို့နယ်တွေမှာ လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲတွေ မကျင်းပနိုင်သေးပါဘူး။

ကြားဖြတ်ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း နာမည်စာရင်းတင်သွင်း တာတွေ၊ နာမည်စာရင်းစိစစ်တာတွေကို လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၈ ရက်နေ့အတွင်း လုပ်ဆောင်သွားမှာဖြစ်ပြီး ဇန်န၀ါရီလ ၂ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း နာမည်စာရင်းတွေ ကို ကြေညာသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013