DVB Logo
Home
မြန်မာသတင်း
မင်းကင်းမြို့ အနီးငလျင်လှုပ်
DVB
·
October 26, 2016
မင်းကင်းမြို့ အနီးငလျင်လှုပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့အနီးကို ဗဟိုပြုပြီး ဒီကနေ့မနက် ၈နာရီ ၅၁မိနစ်ခန့်က အင်အား ရစ်ခ်ျတာစကေး ၅ အဆင့်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ဌာနက ကြေညာပါတယ်။

မြန်မာနိုင်ငံပြည်တွင်း မင်းကင်းမြို့ရဲ့ အရှေ့ဘက် (၅)မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျ တာစကေး ၅.၀ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မင်းကင်းမြို့ခံ ကိုကျော်မင်းထွဋ်က ငလျင်လှုပ်သွားတာ မသိလိုက်တဲ့အကြောင်းနဲ့ ပတ်ဝန်းကျင်ကလူတွေကို မေးကြည့်ရာမှာလည်း မသိလိုက်ကြဘူးလို့ ပြောပါတယ်။

မိုးလေ၀သဌာနကတော့ မြေငလျင်လှုပ်ရှားမှုကို မုံရွာနဲ့ မင်းကင်းမြို့တွေမှာ သတိပြုမိကြောင်း ကနဦး သတင်းရရှိတယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013