DVB Logo
Home
မြန်မာသတင်း
မြန်မာအလှမယ် နန်းခိုင်ရွှေဝါ၀င်း Miss Earth 2016 ပြိုင်ပွဲတွင် ဆု ၂ ဆုရရှိ (ဓာတ်ပုံ)
DVB
·
October 26, 2016
မြန်မာအလှမယ် နန်းခိုင်ရွှေဝါ၀င်း Miss Earth 2016 ပြိုင်ပွဲတွင် ဆု ၂ ဆုရရှိ  (ဓာတ်ပုံ)
1 / 4
Donate to DVB

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ Miss Earth 2016 ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာအလှမယ် နန်းခိုင်ရွှေဝါ၀င်းဟာ အလှမယ်အချင်းချင်းမဲပေးရွေးချယ်ပြီး ချီးမြှင့်တဲ့ဆု ၂ ဆုကို အောက်တိုဘာ ၂၄ ရက်နေ့က ရရှိသွားပါတယ်။

သူရရှိခဲ့တဲ့ ဆုတွေကတော့ Miss Congeniality ကြေးတံဆိပ်ဆုနဲ့ Miss Photogenic ငွေတံဆိပ်ဆုတွေကို ဆွတ်ခူးရရှိခဲ့တာလို့ Miss Golden Land Myanmar ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်မှာပေါ်မှာ ဖော်ပြပါတယ်။

ဒီဆုတွေဟာ နိုင်ငံတကာပြိုင်ပွဲဝင်အလှမယ် ၈၀ ဦးထဲကမှ အချင်းချင်းမဲစနစ်နဲ့ ရွေးချယ်တဲ့ဆုတွေ ဖြစ်ပါတယ်။

Miss Earth 2016 ပြိုင်ပွဲရဲ့ Talent Show မှာလည်း နန်းခိုင်ရွှေဝါဝင်းဟာ ကရင် ရိုးရာအကနဲ့ ကပြယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ဒီရုပ်သံဗွီဒီယိုဖိုင်ကို တရားဝင်အင်တာနက်စာမျက်နှာပေါ် မှာ တင်ထားခဲ့တာပါ။

ဒီပြိုင်ပွဲကို ဖိလစ်ပိုင်နိုင်ငံမှာ လက်ရှိကျင်းပနေတာဖြစ်ပြီး လာမယ့် နိုဝင်ဘာလ ၂၉ ရက်နေ့မှာတော့ နောက်ဆုံးအဆင့်ပြိုင်ပွဲအနေနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013