DVB Logo
Home
မြန်မာသတင်း
ရေငုပ်သမားနှင့် ဧဝရက်တောင်တက်သမားများအား ကာချုပ်ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်
DVB
·
October 26, 2016
ရေငုပ်သမားနှင့် ဧဝရက်တောင်တက်သမားများအား ကာချုပ်ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်
Donate to DVB

ချင်းတွင်းမြစ်တွင်းသွား အမြန်ရေယာဉ်နစ်မြုပ်မှုမှာ စွန့်စွန့်စားစား ကြိုးပမ်းခဲ့ကြတဲ့ ရေငုပ်သမား အရပ်သား ၄ ဦးနဲ့ ဧဝရတ်တောင် အောင်မြင်စွာ တက်နိုင်ခဲ့တဲ့ အရပ်သား ၂ ဦးတို့ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဂုဏ်ထူးဆောင်လက်မှတ်များ ပေးအပ်ချီးမြှင့်လိုက်ပါတယ်။

အမြန်ရေယာဉ်နစ်မြုပ်မှုမှာ ပါဝင်ကြိုးပမ်းခဲ့ကြတဲ့ တပ်မတော်စစ်သည် ၂ ဦးနဲ့ မီးသတ်တပ်ဖွဲ့ဝင် ၄ ဦးတို့ကို ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဂုဏ်ထူးဆောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့အပြီး အခု ထပ်မံ ချီးမြှင့်ပေးအပ်တာ ဖြစ်ပါတယ်။

ဒေသခံရေငုပ်သမားများဖြစ်တဲ့ ကနီမြို့နယ် အိုင်တောင်ကျေးရွာနေ ဦးရွှေဘ (ဘ)ဦးဘရှိန်၊ ဦးဇော်ဦး (ဘ)ဦးအောင်သန်း၊ ဦးဇော်လွင် (ဘ)ဦးဆန်းအောင်နှင့် မင်းအိုကျေးရွာနေ ဦးညိုအေး (ဘ)ဦးလှသောင်းတို့ဟာလည်း နစ်မြုပ်ရေယာဉ်အား ဆယ်ယူရာမှာ စတင်ဆယ်ယူချိန်မှ ဆယ်ယူပြီးစီးတဲ့အချိန်အထိ ရေအောက်အန္တရာယ်များကြားက စွန့်စွန့်စားစားနဲ့ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း သိရလို့ အခုလို ချီးမြှင့်ပေးအပ်တာလို့ မြဝတီသတင်းမှာ ဖော်ပြပါတယ်။

တခါ အမြင့်ပေ ၂၉၀၂၉ ရှိ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်သို့ ၂၀၁၆ ခုနှစ် မေ ၁၉ ရက် နံနက် ၈ နာရီ ၁ မိနစ်မှာ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံ ခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်မှ တောင်တက် အားကစားသမား ၂ ဦးဖြစ်တဲ့ ဦးပြည့်ဖြိုးအောင်နှင့် ဦးဝင်းကိုကိုတို့ကိုလည်း မြန်မာနိုင်ငံဂုဏ်ကို ဆောင်နိုင်ခဲ့လို့ဆိုပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဂုဏ်ထူးဆောင်လက်မှတ်များကို ပေးအပ်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဂုဏ်ထူးဆောင်လက်မှတ်ချီးမြှင့်ခြင်းဟာ ရဲဝံ့စွန့်စားမှုနှင့် တာဝန်ကျေပွန်မှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုပ်ထုံးလုပ်နည်းများနှင့်အညီ အသိအမှတ်ပြု မှတ်တမ်းတင်ခြင်းဖြစ်ပြီး လက်မှတ်ကို တပ်မတော်စစ်မှုထမ်းများနှင့် တပ်မတော်နှင့်အတူ ပါဝင်ဆောင်ရွက်တဲ့ အရပ်သား/အရပ်သူများကိုလည်း သူတို့ရဲ့ စွမ်းဆောင်မှုနှင့် တာဝန်ကျေပွန်မှုများအရ ချီးမြှင့်ပေးအပ်နိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013