DVB Logo
Home
Lead Story
ရှမ်းပြည်နယ် အန်အယ်လ်ဒီခေါင်းဆောင်များကို ထုတ်ပယ်လိုက်တာနှင့်ပတ်သက်ပြီး ဦးဝင်းထိန်ကို ဒုတိယနေ့ စစ်ဆေး
DVB
·
October 26, 2016
ရှမ်းပြည်နယ် အန်အယ်လ်ဒီခေါင်းဆောင်များကို ထုတ်ပယ်လိုက်တာနှင့်ပတ်သက်ပြီး ဦးဝင်းထိန်ကို ဒုတိယနေ့ စစ်ဆေး
Donate to DVB

ဦးဝင်းထိန်

“ဒေါ်ခင်မိုးမိုးကိစ္စက ပြီးသွားပြီ၊ သူမေးတာ ပြန်မေးတာပေါ့။ ကျွန်တော်ပြန်ဖြေတာလည်း ပြန်ဖြေတာပေါ့။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က တောက်လျှောက် စည်းကမ်းနည်းနားနဲ့ အလုပ်လုပ်တာ စည်းကမ်းနည်းနားနဲ့ ပြန် ဖြစ်အောင် လုပ်တာပေါ့။ ဒါကို ဘယ်သူကောင်းတယ် ဘယ်သူမကောင်းဘူး ဘာညာလည်း ပြောစရာလည်း မလိုဘူး။ ဒီအဖွဲ့ကို ဖွဲ့ပေးထားပြီးတော့ အဲအဖွဲ့က ဘက်မလိုက်ဘဲနဲ့ ဆုံးဖြတ်မယ်လို့ ယုံကြည်တဲ့အတွက် ကြောင့် မှန်မှန်ကန်ကန်ပဲ ဖြေခဲ့တယ်။ ဒီနေ့ နှစ်မှု ပြီးသွားပြီ နှစ်မှုကျန်သေးတယ်။”

ဦးကျော်ဟိုး(အယူခံရုံးအဖွဲ့ဝင်)
“အခုဥစ္စာသက်သေစစ်တဲ့အဆင့်မရောက်သေးဘူး။ လာမယ့် ၂၈ ရက်နေ့မှ ဦးတင်မောင်တိုးအမှုမှာ ဦးဝင်းထိန် ကို စစ်ပြီးလို့ရှိရင် နောက်ပိုင်းကျ သက်သေတွေ လာတော့မယ်။ ဒီနေ့ နှစ်မှု ပြီးသွားတာပေါ့။ ဒေါ်ခင်မိုးမိုး အမှု ရယ်၊ ဒေါ်မီးမီးတို့ သားမိနှစ်ယောက်အမှုရယ် နှစ်မှုပြီးသွားပြီ။ စစ်ရဆေးရတာလည်း ကောင်းပါတယ်။ တစ် ယောက်နဲ့ တစ်ယောက် နားလည်မှုရှိတယ်။ အဆင်ပြေကြပါတယ်။ ဆုံးဖြတ်ချက်ကတော့ သက်သေတွေ ဆုံမှ ဆုံးဖြတ်လို့ရမှာပါ။ လွတ်လွတ်လပ်လပ်နဲ့ ဖိအားမရှိဘဲ ဆုံးဖြတ်ခွင့်ရှိတယ်။ ဘယ်အချိန်မေးမေး ရှိတယ်ပဲ ပြော မှာပဲ။ ရှိလည်း ရှိပါတယ်။ ကျွန်တော်တို့ပဲ ဆုံးဖြတ်မှာ၊ ကျွန်တော်တို့ အယူခံရုံးက ဆုံးဖြတ်မယ်။ ပြစ်ဒဏ် အနည်း အများ၊ အရေးယူတာ မယူဘူး၊ အပြစ်ပေးမယ် မပေးဘူးဆိုတာကတော့ လွတ်ငြိမ်းချမ်းသားခွင့်တို့ ဘာတို့ကတော့ CEC က ဆုံးဖြတ်မယ်။ ဒီပေါ်မှာမှ ကျွန်တော်တို့ဆုံးဖြတ်တာကို မကျေနပ်နဲ့ လူက နိုင်ငံလုံး ဆိုင်ရာ ညီလာခံရှိတယ်။ ရှိတဲ့အခါ အယူခံတက်လို့ ရတယ်။ ပြစ်ဒဏ်ကတော့ အမျိုးမျိုးရှိတယ်။ နောက်ဆုံး ကတော့ ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်တဲ့အထိပေါ့။ ဒဏ်ငွေလည်း ရှိသေးတယ်။ အနိမ့်ဆုံးကတော့ သတိ ပေးတာပေါ့။”

ဒေါ်ခင်မိုးမိုး
“ဒီနေ့ကတော့ ကျွန်မက ဦးဝင်းထိန်ကို အပြန်အလှန်မေးတယ်။ ပြီးတော့မှာ ဒေါ်မီးမီးတို့ သားအမိအမှုကို စစ်ပါ တယ်။ ဒေါ်မီးမီးတို့ သားအမိကိုတော့ ဦးဝင်းထိန်က တိတိကျကျ စွပ်စွဲနိုင်ခြင်းမရှိဘူး။ သူတို့ ပြန်မပေးတဲ့အခါ မှာ တဆင့်ကြားတွေပဲပေါ။ သူ မသိဘူး။ မသိဘူးဆိုတဲ့အချက်တွေနဲ့ပဲ မသိဘူးဆိုတာနဲ့ပဲ ပြီးသွားတယ်။ ကျွန်မ အမှုမှာကတော့ ဦးဝင်းထိန်က သူ့ဆီက တက်တဲ့ တိုင်စာတွေအရ ကျွန်မအလုပ်မလုပ်ဘူး။ ဒီအောင်နိုင်ရေး အတွက်လည်း မလုပ်ဘူးဆိုပြီး ပြောတယ်။ ဒီတိုင်စာတွေနဲ့ ပတ်သက်ပြီးတော့ အထောက်အထားတင်ပြနိုင် လားဆိုတော့လည်း အထောက်အထားနဲ့ တင်ပြနိုင်ခြင်းမရှိဘူး။ အထောက်အထားနဲ့ တင်ပြနိုင်ခြင်း မရှိဘူးဆို တဲ့နေရာမှာ ကျွန်မကို စွပ်စွဲတဲ့စာ၊ ကျွန်မကို ထုတ်တယ်ဆိုတဲ့စာ အဲဒီစာက ကျွန်မနာမည်နဲ့ ရေးတာလည်း မဟုတ်ဘူးဆိုတော့ မှန်တယ်တဲ့ ကျွန်မနာမည်နဲ့ ရေးတာ မဟုတ်ဘူးတဲ့၊ ဦးကျော်ခင်ကနေ တဆင့်ထုတ်တဲ့ စာဖြစ်တယ်။ အဲဒီစာကို ဒီမှုထဲမှာ သက်သေခံသွင်းမထားဘူး။ ဟုတ်တယ်တဲ့ သူမလိုဘူး ထင်လို့ မသွင်းဘူးတဲ့။ အဲတော့ ကျွန်မတို့ကို အရေးယူတဲ့စာကို ဒီအမှုထဲမှာ မပါဘူး။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် နာမည်ကို သုံးတာတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က သူကို ခွင့်ပြုလိုက်တယ်၊ သူကို ဒီလိုလုပ်ဖို့ ခွင့်ပေးလိုက်တယ်ဆိုတာတွေ မေးတော့ အခုတော့ သူအဲဒါတွေနဲ့ ပတ်သက်ပြီးတော့ သူမဖြေဘူးတဲ့။ သူမဖြေလိုဘူးလို့ ဆိုပြီး ငြင်းသွားတယ်။ ဟုတ်တယ်လည်း မပြောချင်ဘူး။ မဟုတ်ဘူးလည်း မပြောချင်ဘူးတဲ့။ အဲဒီလို ငြင်းသွားပါတယ်။ ပါတီစည်းကမ်းထိန်းသိမ်းရေးနဲ့ ပတ်သက်ရင် လိုအပ်ရင် အာဏာရှင်ဆန်ရမှာပဲ ပြောခဲ့တာ မှန်တယ်လို့ ပြောတယ်။ ဦးဝင်းထိန်ရဲ့ ကျွန်မအပေါ်မှာ မဟုတ်မမှန် စွပ်စွဲပြီး ထုတ်ပယ်တဲ့ကိစ္စဟာ ပါတီထဲမှာ မဟုတ်တဲ့သူတွေ နေရာယူအောင် အုပ်စုဖွဲ့ပြီးတော့ တကယ်လုပ်လာတဲ့သူကို တိုက်ထုတ်တာမျိုးကို တိုက်ခိုက်တဲ့ ကိစ္စဖြစ်တယ်ဆိုတော့ ကျွန်မရဲ့ မေးခွန်းက ပြောင်းပြန်ဖြစ်နေတယ်လို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013