DVB Logo
Home
မြန်မာသတင်း
မြန်မာ့အခြေခံအဆောက်အဦဖွံ့ဖြိုးရေး ဒေါ်အောင်ဆန်းစုကြည်နှင့် AIIBဘဏ်ဥက္ကဋ္ဌဆွေးနွေး
DVB
·
October 25, 2016
မြန်မာ့အခြေခံအဆောက်အဦဖွံ့ဖြိုးရေး ဒေါ်အောင်ဆန်းစုကြည်နှင့် AIIBဘဏ်ဥက္ကဋ္ဌဆွေးနွေး
Donate to DVB

မြန်မာပြည်ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အာရှအခြေခံ အဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) အကြီးအကဲတို့ တွေ့ဆုံဆွေးနွေးခဲ့ကြ တယ်လို့ နိုင်ငံခြားရေးဌာနကသိရပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခမ်းမမှာ ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ အခြေစိုက် အာရှအခြေခံအဆောက် အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (Asian Infrastructure Investment Bank - AIIBဥက္ကဋ္ဌ မစ္စတာ Jin Liqun ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။
တွေ့ဆုံရာမှာ မြန်မာနိုင်ငံနဲ့ AIIB ဘဏ်တို့အကြား ရေလမ်း၊ မီးရထားလမ်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာန က သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013