DVB Logo
Home
မြန်မာသတင်း
အနက်ရောင်ဝမ်းနည်းခြင်းဝတ်စုံများဖြင့် ထိုင်းလိင်ဖျော်ဖြေရေးလုပ်ငန်းများ ပြန်စတင် (ရုပ်သံ)
DVB
·
October 25, 2016
အနက်ရောင်ဝမ်းနည်းခြင်းဝတ်စုံများဖြင့် ထိုင်းလိင်ဖျော်ဖြေရေးလုပ်ငန်းများ ပြန်စတင် (ရုပ်သံ)
Donate to DVB

ထိုင်းနိုင်ငံမှာ ဘုရင်ကြီး ဘူမိဘော အဒူလျာဒက်ကွယ်လွန်ပြီးနောက် ၀မ်းနည်း ခြင်းအထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနဲ့ ဖျော်ဖြေပွဲတွေ ကျင်းပခွင့် ပိတ်ပင်ထားရာကနေ ၁၀ ရက် ကြာခဲ့ချိန်မှာတော့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေဟာ အသက်ဝင်လာခဲ့ပါပြီ။

အနီရောင် မီးတွေနဲ့ နာမည်ဆိုးနဲ့ ကျော်ကြားရာ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေရှိ တဲ့ ခရိုင်တွေမှာ အပျော်မယ်တွေ၊ လိင်ဖျော်ဖြေရေးလုပ်သားတွေဟာ ပြန်လည်စတင် လာပြီဖြစ်ပေမယ့် သူတို့ဟာ အနက်ရောင်ဝတ်စုံတွေ ၀တ်ဆင်ကာ ၀မ်းနည်းကြောင်းပြသ နေကြတာပါ။

ဘုရင်ကြီးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်နေ့၊ သက်တော် ၈၈ နှစ်အရွယ် မှာ ကွယ်လွန်ခဲ့အပြီးမှာ ဒီဖျော်ဖြေရေးလုပ်ငန်းတွေဟာ မရှိတော့သလောက် ရပ်နား ထားခဲ့ရတာဖြစ်တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ထိုင်းအစိုးရက ဖျော်ဖြေရေးလုပ်ငန်းတွေကို ရက်ပေါင်း ၃၀ ကြာ ရပ်နားထားရ မယ်လို့ အမိန့်ထုတ်ပြန်ထားခဲ့ပါတယ်။
ဒါပေမယ့် အချိန်ရက်သတ္တပါတ်ကျော်ကြာမြင့်ခဲ့ချိန်မှာတော့ ထိုင်းလိင်ဖျော်ဖြေရေး လုပ်သားတွေဟာ အနက်ရောင်ဝတ်စုံတွေ၊ စကပ်တွေ၊ ဖိနပ်တွေဝတ်ဆင်ထားခဲ့ပြီး လမ်းမတွေပေါ် တကျော့ပြန်ထွက်လာခဲ့ကြတာပါ။

မြို့တော်ဘန်ကောက်မြို့ရဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေနဲ့ စည်ကားတဲ့ ကောင်းဘွိုင် ရပ်ကွက်ထဲမှာတော့ သူတို့တွေဟာ အနက်ရောင်အစား တခြားတောက်ပတဲ့ အ ရောင်တွေကို ၀တ်ဆင်ပြီး ပျားပန်းခပ်လှုပ်ရှားနေကြတာကို တွေ့ရပါတယ်။

လိင်ဖျော်ဖြေရေးလုပ်ကိုင်သူတဦးဖြစ်တဲ့ လက်ခ်က “ခုချိန်မှာတော့ အကုန်လုံး တိတ်ဆိတ်နေကြတုန်းပါပဲ။ လူတိုင်းဟာ ဘုရင်ကြီးရဲ့ ဈာပနကြောင့် အားလုံးဝမ်းနည်း နေကြတာပါ။ ဒါပေမယ့် ကျမတို့ ပိုက်ဆံရှာဖို့ အလုပ်လုပ်ဖို့ လိုတယ်လေ။ ကျမတို့ လုပ် နိုင်တာ ဘာမှမရှိတာ။ ခုလိုပဲ အပြင်ထွက်ပြီး ဖောက်သည်ရှာရတာပဲ”လို့ ပြောပါတယ်။

ဘားတွေ၊ ကလပ်တွေဟာ ခုချိန်မှာ ပြန်ဖွင့်လိုက်ပြီ ဖြစ်ပေမယ့် မီးရောင်တွေကို တော့ မှိန်မှိန်လေးတွေဟာ ထွန်းထားကြပြီး ဂီတသံတွေကိုလည်း တိုးတိုးညင်းညင်းဖွင့် ထားပြီး ကခုန်တာမျိုးတွေကိုတော့ ပိတ်ထားတဲ့ တံခါးတွေနောက်မှာပဲ ပြုလုပ်နေကြတာပါ။

အသက် ၂၄ နှစ်အရွယ် နွိုင်အမည်ရ လိင်ပြောင်းထားသူတဦးကတော့ “ကျမတို့ ဘုရင်ကြီးကို ချစ်ပါတယ်။ ကျမတို့ နိုင်ငံကိုလည်း ချစ်ပါတယ်။ ဒါကို စစ်တပ်က နားလည် သလို ခုလိုအလုပ်လုပ်ဖို့ ခွင့်ပြုပေးနေတာပဲ။ ဘားတွေလည်း ပြန်ဖွင့်ပြီ။ လေဒီဘွိုင်းတွေ ရော ပြန်ရောက်လာပြီ။ ကျမတို့ အများစုဟာ ခုချိန်မှာ အနက်ရောင်ဝတ်စုံတွေ၊ အတွင်းခံ တွေ ၀တ်ဆင်ထားကြတာပါ။ ခုထိ ကျမတို့ ဘုရင်ကြီးကို သတိရနေတုန်းပါပဲ”လို့ ပြောပါ တယ်။

ရဲတွေ၊ စစ်သားတွေနဲ့ လုံခြုံရေးတွေချထားပြီး ပုံမှန်ပိတ်ချိန် နောက်တနေ့ မနက် ၂ နာရီအစား ည ၁၂ နာရီမှာ ပိတ်ဖို့ စောင့်ကြပ်နေကြတာပါ။
လက်ရှိမှာတော့ ဘုရင်ကြီးရဲ့ ရုပ်ကလပ်ကို တော်ဝင်နန်းတော်တွင်းမှာ ဈာပန အခမ်းအနားကျင်းပနိုင်ဖို့ ပြင်ဆင်ထားရှိတာပါ။

ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ပုံမှန် ညပိုင်းဖျော်ဖြေရေးတွေဟာ ၀မ်းနည်းခြင်းအထိမ်း အမှတ်ကာလ ရက်ပေါင်း ၃၀ ကျော်မှသာ ပုံမှန်အခြေအနေအတိုင်း ဆူညံပေါက်ကွဲတဲ့ ဂီတသံနဲ့ လမ်းမပေါ်က မလုံ့တလုံဝတ်စားဆင်ယင်မှုတွေနဲ့အတူ ပြန်တွေ့ရမှာဖြစ်တယ် လို့ သတင်းက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013