DVB Logo
Home
မြန်မာသတင်း
မြေတိုင်းစာရေးကို လာဘ်စားမှုဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တရားစွဲ
DVB
·
October 25, 2016
မြေတိုင်းစာရေးကို လာဘ်စားမှုဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် တရားစွဲ
Donate to DVB

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ညောင်လေးပင်မြို့နယ် မြေစာရင်း ဦးစီးဌာနမှ မြေတိုင်းစာရေးကို အဂတိလိုက်စားမှု ၃ မှုနဲ့ မနေ့က တရားစွဲဆိုလိုက်ပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ မြေစာရင်း ဦးစီးဌာနက ဦးမင်းရွှေ(မြေတိုင်းစာရေး ၄)ကို ညောင်လေးပင်မြို့နယ်၊ နက်ကတော်ခင်း ကျေးရွာနေ တောင်သူများထံက လာဘ်ငွေရယူကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၆) အရ အရေးယူပေးပါဖို့ အောက်တိုဘာ ၂၄ ရက်နေ့က လာရောက် တိုင်တန်းထားတယ်လို့ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဦးဆန်းမြင့်က ပြောပါတယ်။

ဦးမင်းရွှေ (မြေတိုင်းစာရေး ၄)ဟာ လယ်ယာမြေပေါ်မှာ နေထိုင်ခွင့်ရရှိရေး ဆောင်ရွက်ပေး မယ်လို့ ဆိုကာ ညောင်လေးပင်မြို့နယ်၊ နတ်ကတော်ခင်းကျေးရွာက တောင်သူ နော်ဆေးလာဖော ထံမှ ၃၅၀၀၀ ကျပ်နဲ့ စောခွာလူးထံ က ၂၈၀၀၀ ကျပ်တို့ တောင်းယူကြောင်း ပေါ်ပေါက်တဲ့အတွက် (ပ) ၁/၂၀၁၆ နဲ့၊ နော်ခင်ဦးငွေထံက ၁၈၀၀၀၊ ဒေါ်ခင်စန်းဝင်းထံက ၃၈၀၀၀ နဲ့ ဦးစောရွှေထွန်း ထံက ၁၆၀၀၀၀ တို့ တောင်းယူခဲ့တဲ့အတွက် (ပ) ၂/၂၀၁၆ နဲ့ တရားစွဲတဲ့အပြင် ဦးအောင်နိုင်ဦး ထံက ၂၄၀၀၀၀ တောင်းယူခဲ့တဲ့အတွက် (ပ) ၃/၂၀၁၆ နဲ့ ၃ မှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၆)အရ အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူး ဦးသန်းထွန်းမြင့်က တရားလိုပြု လုပ်တိုင်တန်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၆)အရ အရေးယူခံရပါက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်လို့ သိရပါတယ်၊ အခုလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၆) အရ တိုင်တန်းတဲ့ အမှုမျိုးဟာ ၂၀၁၆ ခုနှစ်အတွင်း ပဲခူးတိုင်းဒေသကြီးအနေနဲ့ ပထမဦးဆုံး ပေါ်ပေါက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း - အောင်စိုးမိုး(ပဲခူး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013