DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းအလုပ်သမားသပိတ်ခေါင်းဆောင်အပါအ၀င် ၀န်းရံသူများကို ထောင်ဒဏ် ၅ လ ချမှတ်
DVB
·
October 25, 2016
စစ်ကိုင်းအလုပ်သမားသပိတ်ခေါင်းဆောင်အပါအ၀င် ၀န်းရံသူများကို ထောင်ဒဏ် ၅ လ ချမှတ်
Donate to DVB

စစ်ကိုင်းအလုပ်သမားသပိတ်မှာ ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ အလုပ်သမားခေါင်းဆောင်၊ ဗကသကျောင်းသားတွေနဲ့ ဝန်းရံသူတွေကို ထောင်ဒဏ် ၅ လ စီပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အလုပ်သမားတွေဘက်က ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက် ပေးခဲ့တဲ့ ရှေ့နေ ဦးအောင်သူရိန်ထွန်းက “အမျိုးသမီးတွေကိုချမှတ်တဲ့ ပြစ်ဒဏ်က ချုပ်ရက်ထက် နည်းနေတော့ ချက်ချင်းလွတ်ပြီ။ ကျန်တဲ့ အမျိုးသား ၁၂ ယောက်က ပုဒ်မ ၁၄၃ ၊၁၄၅ ၊ ၅၀၅ (ခ) ပုဒ်မ ၃ ခုနဲ့ စွဲချက်တင်ထားတာဆိုတော့ ၅၀၅ (ခ)က ထောင်ဒဏ် ၃လကျ ခံရမယ်။ ပုဒ်မ ၁၄၃ နဲ့ ၁၄၅ ကို တစ်ပေါင်းတည်းကျခံစေဖို့ အမိန့်ချတဲ့အတွက် ထောင်ဒဏ် ၂ လပေါ့။ ဒါကြောင့် ၅ လကျခံရမှာဖြစ်တယ်။” လို့ ပြောပါတယ်။

စစ်ကိုင်းအလုပ်သမားသပိတ်မှာ ပါဝင်ခဲ့ ၁၅ ဦးထဲက အမျိုးသမီး ၃ ဦးကို ပုဒ်မ ၂ ခု၊ အမျိုးသား ၁၂ ဦးကို ပုဒ်မ ၃ ခုနဲ့ စွဲချက်တင်ထားတဲ့အမှုနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂၄ ရုံးချိန်းမှာ နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံးက စီရင်ချက်ချမှတ်လိုက်တာဖြစ်ပါတယ်။

ရုံးချိန်းမှာ အမျိုးသမီး ၃ ဦးကို ပုဒ်မ ၁၄၃၊ ၁၄၅ တို့နဲ့ ပြစ်ဒဏ် ၃ လကျခံဖို့ အမိန့်ချက်ခဲ့တာ ဖြစ်ပေမယ့် ချုပ်ရက်ဟာ ပြစ်ဒဏ်ထက်ကျော်လွန်နေတာကြောင့် လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ကျန်တဲ့ အလုပ်သမားခေါင်းဆောင်အပါဝင် ဗကသကျောင်းသားတွေနဲ့ ၀န်းရံသူ ၁၂ ဦးကတော့ ပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅ (ခ)တို့ စွဲချက်တင်ထားတာဖြစ်တဲ့အတွက် ပြစ်ဒဏ် ၅ လချခံဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပြီး ချုပ်ရက်တွေ ထုတ်နုတ်ပြီးရင် ရက် ၂၀ လောက် ပြစ်ဒဏ်ခံရဦးမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013