DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် သာသနာညှိုးနွမ်းစေသည့် အသွင်ဆောင် အလှူခံသူများကို ဖမ်းဆီးအရေးယူ
DVB
·
October 25, 2016
နေပြည်တော်တွင် သာသနာညှိုးနွမ်းစေသည့် အသွင်ဆောင် အလှူခံသူများကို ဖမ်းဆီးအရေးယူ
Donate to DVB

နေပြည်တော်က ဈေး နှစ်ဈေးမှာ သာသနာညှိုးနွမ်းစေတဲ့ အသွင်ဆောင် အလှူခံသူတွေကို ဖမ်းဆီး အရေးယူမှုတွေ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အရေးယူဆောင်ရွက်မှုကို အောက်တိုဘာ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး သံဃာ အသွင်ဆောင် အလှူခံတောင်းရမ်းသူ ၈ ဦးကို လူဝတ်လဲ အရေးယူခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ၈ ဦးကို မြို့နယ်သာသနာရေးမှူး ဦးစီးအရာရှိက သပြေကုန်းဈေးအတွင်း သာသနာကြည်ညိုဖွယ် မဆောင်သော အလှူခံခြင်းများ ပြုလုပ်နေသဖြင့် အရေးယူပေးရန် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က တိုင်တန်းခဲ့ပြီး အောက်တိုဘာ ၂၄ ရက်နေ့မှာ တရားလိုပြုလုပ်ကာ တရားရုံးတော်သို့ ဦးတိုက်လျှောက်ထားခဲ့ကြောင်း သိရပါတယ်။

အရေးယူမှု ဆောင်ရွက်ရာမှာ ဇမ္ဗူသီရိမြို့နယ် သာသနာရေးမှူး ဦးစီးအရာရှိ၊ မြို့နယ် သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်၊ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးဆရာတော်၊ ဇမ္ဗူသီရိမြို့နယ် ထွေ/အုပ်၊ နပတ စည်ပင်၊ သပြေကုန်းဈေး စည်ပင်အုပ်ချုပ်ရေးမှူး၊ သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က သာသနာကြည်ညိုဖွယ် မဆောင်သော အလှူခံခြင်း ဆောင်ရွက်နေသူတွေကို အေးမြရွှေပြည်ဘုန်းတော်ကြီးကျောင်းကို ခေါ်ဆောင်ခဲ့ပြီး လူဝတ်လဲစေခဲ့တာပါ။

အဲဒီလို အလှူငွေ တောင်းရမ်းနေမှုတွေကို ဖမ်းဆီး အရေးမှု ပြုလုပ်သွားမှာဖြစ်တယ် ဆိုတာတွေကိုလည်း သပြေကုန်းဈေးနဲ့ မြို့မဈေး အနီးဝန်းကျင်မှာရှိတဲ့ လူစည်ကားတဲ့ နေရာတွေ ကားဂိတ်တွေမှာ သတိပေး တားမြစ်စာတွေ ကပ်ပြီး သတိပေးမှုတွေကို အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက သတိပေး တားမြစ်ထားတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013