DVB Logo
Home
မြန်မာသတင်း
မိကျောင်းများနှင့် အနီးကပ်ရင်ဆိုင်တွေ့နိုင်သည့် သွေးပျက်ဖွယ်သေမင်းတမန်လှောင်အိမ်(ရုပ်သံ)
DVB
·
October 25, 2016
မိကျောင်းများနှင့် အနီးကပ်ရင်ဆိုင်တွေ့နိုင်သည့် သွေးပျက်ဖွယ်သေမင်းတမန်လှောင်အိမ်(ရုပ်သံ)
Donate to DVB

    ဒီလှောင်အိမ်ဟာ သေမင်းတမန်လှောင်အိမ်တခုပါပဲ။

    ဒါဟာ တကယ့်လှောင်အိမ်တခုတော့ မဟုတ်ပါဘူး။ ရေကူးကန်တခုထဲမှာ နှစ်မြုပ် ထားတဲ့ ပြေပြစ်ချောမွတ်တဲ့ ထုလုံးရှည်ပုံသဏ္ဍာန် ဖန်သားလှောင်အိမ်တခုပါ။

    အဲဒီထဲမှာတော့ သွေးပျက်ထိတ်လန့်စရာ ရေငန်နေ မိကျောင်းမျိုးစိတ်တွေကို ထည့်သွင်းပြသထားပါတယ်။

    သြစတေးလျနိုင်ငံ၊ ဒါဝင်မြို့၊ ခရော့က်ကိုဆောရပ်စ်ပင်လယ်ကွေ့မှာ တည်ရှိတဲ့ ဒီ လှောင်အိမ်ဟာ လူတွေကို ထိတ်လန့်ဖွယ်မိကျောင်းတွေနဲ့ အသည်းထိတ်စဖွယ် နီးနီး ကပ်ကပ် တွေ့ဆုံနိုင်ဖို့ ခွင့်ပြုထားပါတယ်။

    ဒါဟာ တကယ့်ကို အံ့မခန်း၊ ထိတ်လန့်သွေးပျက်စရာ အတွေ့အကြုံပါပဲ။

    သေမင်းတမန်လှောင်အိမ်လို့တင်စားပြောဆိုရမယ့် ဒီလှောင်အိမ်ထဲမှာ မိကျောင်း ကောင်ရေ ၂၀၀ လောက်ရှိပြီး ကမ္ဘာ့အကြီးမားဆုံးအံ့ဖွယ်နေရာတခုပါပဲ။

    “ထောင်နဲ့ချီတဲ့ ပရိတ်သတ်တွေဟာ ၅ မီတာအထက်အနက်ရှိတဲ့ ရေထဲမှာ မိ ကျောင်းတွေနဲ့ နီးနီးကပ်ကပ်ရှိနေပြီး တွေ့ကြုံခံစားရမယ့် သွေးပျက်ထိတ်လန့်ဖွယ် ပတ်ဝန်းကျင်ကို ပြန်လည်မျှဝေနိုင်ပါလိမ့်မယ်”လို့ ၀က်ဘ်ဆိုင်အင်တာနက်စာမျက်နှာ ပေါ်မှာ ရှင်းပြထားပါတယ်။

    “လာရောက်လည်ပတ်သူတိုင်း ၁၅ မိနစ်လောက် လှောင်အိမ်ထဲမှ မိကျောင်းကြီး တွေနဲ့ ရှိနေခွင့်ရပါလိမ့်မယ်”

    တကယ်လို့များ အဲဒီလှောင်အိမ်ဆီ သွားရောက်လည်ပတ်ဖို့ သင့်အနေနဲ့ ကြိုတင် မှတ်ပုံတင်မယ်ဆိုရင် ၀ီလ်စ်နဲ့ ကိတ်လို့အမည်ပေးထားတဲ့ မိကျောင်းကြီးတွေနဲ့ မဖြစ်မ နေဆုံဖို့ ညွှန်းချင်ပါတယ်။

    မေရာသတင်းမှာ ဖော်ပြထားတဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာတော့ အဆိုပါ သေမင်းတမန် လှောင်အိမ်ဆီ အရောက်သွားနိုင်မယ့် အတွေ့အကြုံတွေကို မြည်းစမ်းခွင့် ရနိုင်ပါလိမ့် မယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013