
ဦးဝင်းထိန် "ကျွန်တော်ပြောတာ ဒေါ်ခင်မိုးမိုးဟာ ပါတီအပေါ်မှာ သစ္စာမရှိဘူး။ ပါတီစည်းကမ်းဖောက်တယ်။ ပြည်နယ်ဥက္ကဋ္ဌ တာဝန်မကျေဘူး။ အဲဒါကြောင့်အရေးယူတာကို ဥပဒေကြောင်းအရ လျောက်မေးနေတော့ လေရှည်နေတာ ပေါ့။ သက်သေက မနက်ဖြန် လာလိမ့်မယ် လွှတ်တော်ကိုယ်စားလှယ်တွေ လာလိမ့်မယ်။"
ဒေါ်ခင်မိုးမိုး "သူ့မူလစွပ်စွဲချက်တွေကိုပဲ အတည်ပြုသွားတာပါ။ ဒါပေမယ့် အဲဒီဟာတွေ အားလုံးက တဆင့်ကြားတွေချည်းပဲ၊ သူ့ကို တောင်ကြီးက လူတွေက တဆင့်ပြောလိုက်တယ်၊ လွှတ်တော်အမတ်တွေက တဆင့်ပြောလိုက်တယ်။ အဲတော့ လွှတ်တော်အမတ်တွေ တင်ပြတဲ့ စာရွက်စာတမ်းတွေကို သက်သေလာသွင်းပါတယ်။ ကျွန်မက ကန့်ကွက်ပါတယ်။ ကန့်ကွက်တဲ့အတွက်ကြောင့် စစ်ဆေးရေးအဖွဲ့က လက်မခံပါဘူး။ သက်သေပါတဲ့သူတွေ ကိုယ်တိုင်ရုံးရှေ့မှာ လာထွက်ဆိုတဲ့အခါမှာ ဒါတွေကို လက်ခံပေးမယ်။ သူ့သက်သေတွေက ဦးစိုင်းစံခပ်၊ ဦးဖုန်းမောင်၊ ဦးနေမျိုး၊ ဦးဇော်မင်းလတ်၊ ဒေါက်တာဒေါ်သန်းငွေ၊ ဒေါ်စန်းစန်းမော်"











