DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ်မြန်မာဘက်ဦးတည်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်
DVB
·
October 25, 2016
မုန်တိုင်းငယ်မြန်မာဘက်ဦးတည်ခြင်းမရှိ၍ အဝါရောင်အဆင့်သတ်မှတ်
Donate to DVB

 

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့  မုန်တိုင်းငယ်ဟာ မြန်မာ့ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်း မရှိတော့တဲ့အတွက်  မိုးဇလဌာနက   အဝါရောင်အဆင့် သတ်မှတ်ကြေညာလိုက်ပါတယ်။

ယနေ့မြန်မာစံတော်ချိန် ၀၅း၃၀ နာရီအချိန် တိုင်းထွာချက်များအရ မုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ မြောက်-အနောက်မြောက်ဘက် ၁၈၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်မြောက် ဘက် ၁၄၅မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက် - အနောက်မြောက်ဘက် ၁၅၅ မိုင်ခန့်၊ ဂွမြို့၏ အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက် - အနောက် တောင်ဘက် ၂၃၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ဆိုပါတယ်။

အဆိုပါ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ  မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားခြင်း မရှိတော့လို့ အားကောင်းသော မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေကို အဝါရောင်အဆင့်ဟု သတ်မှတ်တယ်လို့ မိုးဇလဌာနရဲ့ အောက်တိုဘာ (၂၅)ရက်နေ့ မြန်မာစံတော်ချိန် မနက် (၆)နာရီအချိန်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်ကတော့ အပူပိုင်းမုန်တိုင်း အားကောင်းသောမုန်တိုင်းငယ်ဟာ အောက်တိုဘာ ၂၄ ရက်  ညသန်းကောင်ယံ (၁၂း၃၀)နာရီ အချိန် တိုင်းတာချက်များအရ လွန်ခဲ့တဲ့(၆)နာရီအတွင်းက မြန်မာနိုင်ငံမှဝေးရာ အနောက်မြောက်ယွန်းယွန်းဖက်ဆီသို့ ရွေ့လျှားလာခဲ့ပြီး ပို့ဘလဲမြို့ရဲ့ မြောက် အနောက်ယွန်းယွန်း ၃၅၄ မိုင်၊ ရန်ကုန်မြို့ရဲ့အနောက်တောင်ယွန်းယွန်း ၂၅၅ မိုင် အကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍   Latitude 16.8º N; Longitude 92.3º E တည်နေရာ တွင် ရောက်ရှိ သွားပြီလို့ ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013