DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် စာသင်ကျောင်းများပြန်ဖွင့်၊ ကျောင်းသားအနည်းငယ်သာတက်ရောက်
DVB
·
October 24, 2016
မောင်တောတွင် စာသင်ကျောင်းများပြန်ဖွင့်၊ ကျောင်းသားအနည်းငယ်သာတက်ရောက်
1 / 7
Donate to DVB

မောင်တောမြို့ပေါ်နဲ့ ခရိုင်ထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အောက်တိုဘာ ၁၀ ရက်နေ့ကစပြီး ယာယီပိတ်ထားခဲ့ရတဲ့ အခြေခံပညာကျောင်းတွေထဲက မြို့ပေါ်နဲ့ကျောင်းတွေနဲ့ နယ်တွေက အထက်တန်း ကျောင်းတွေ ဒီကနေ့ ပြန်လည်ဖွင့်လှစ်ပေမယ့် ကျောင်းသားတွေ ကျောင်းတက်လာတာ မရှိသလောက် နည်းပါးနေပါတယ်။

ဘူးသီးတောင်မြို့ပေါ် အထကကျောင်းနဲ့ အထက(ခွဲ) ၂ မှာကျောင်းသား ၃၀ ကျော် လောက် ရောက်လာပေမယ့် အခြားကျောင်းတွေမှာ ကျောင်းသားတွေ လုံးဝ တက်လာတာ မရှိသေးပါဘူး။ မောင်တောမြို့ပေါ်က ကျောင်းတွေမှာလည်း ကျောင်းသား အနည်းငယ်သာ တက်ရောက်လာတယ်လို့ သိရပါတယ်။

ဘူးသီးတောင်မြို့နယ် ပညာရေးမှူးဦးညွန့်ဖေကတော့ အထက်တန်းကျောင်းတွေ အပါအဝင် လုံခြုံရေးစိတ်ချရတဲ့ မြို့ပေါ်နဲ့ တပ်နယ်တွေက ကျောင်းပေါင်း ၂၆ ကျောင်းကို ဒီနေ့ စတင်ဖွင့်လှစ်ပေးထားတယ်လို့ ပြောပါတယ်။ ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားတဲ့ ဘူးသီးတောင် အထက(ခွဲ) ၁ ကိုတော့ ခိုလှုံသူတွေ ရှိနေသေးလို့ ကျောင်းမဖွင့်နိုင်သေးပါဘူး။

ကျောင်းတွေကို လှည့်လည်စစ်ဆေးနေတဲ့ မောင်တောခရိုင်ပညာရေးမှူး ဦးအုန်းမြင့် ကတော့ ကျောင်းတွေဖွင့်ဖို့ စီစဉ်ထားတာရှိပေမယ့် အမှန်တကယ် ဘယ်နှကျောင်းဖွင့်နိုင်သလဲ ဆိုတာ စစ်ဆေးနေတုန်းပါ။ ကျောင်းသားတွေ သိပ်ရောက်တာတော့ မရှိသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

မောင်တောခရိုင်ထဲမှာ အခြေခံပညာကျောင်း ၃၂၇ ကျောင်းရှိပြီး ၄ တန်း၊ ၈ တန်းနဲ့ ၁၀ တန်းတို့ကို ပထမအစမ်းစာမေးပွဲစစ်ဆေးနေဆဲ အောက်တိုဘာ ၉ ရက် နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတွေ အကြမ်းဖက်ခံခဲ့ရပြီး နယ်မြေအခြေအနေ မတည်ငြိမ်ဖြစ်လာတဲ့အတွက် ၁၀ ရက်နေ့မှာ စာမေးပွဲကို ရပ်နားခဲ့ရပြီး ပိတ်ထားခဲ့ရတာပါ။ ဆရာ၊ ဆရာမတွေကိုလည်း ဘေးလွတ်ရာကို ရဟတ်ယာဉ်တွေနဲ့ ကယ်ထုတ်ခဲ့ရပါတယ်။
သတင်းနှင့် ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013