DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းဘေးရှောင်ရန် ပင်လယ်ပြင်ငါးဖမ်းလုပ်သားများကို ရွှေ့ပြောင်းပေးနေ
DVB
·
October 24, 2016
မုန်တိုင်းဘေးရှောင်ရန် ပင်လယ်ပြင်ငါးဖမ်းလုပ်သားများကို ရွှေ့ပြောင်းပေးနေ
1 / 5
Donate to DVB

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းအန္တရာယ်ရှောင်ရှားဖို့ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေကြတဲ့ ငါးဖမ်းလှေတွေနဲ့ ကျားဖောင်ရေလုပ်သားတွေကို ကမ်းခိုရပ်နားဖို့အတွက် ရေလုပ်သားတွေကို ကယ်ရီလှေတွေနဲ့ ရွှေ့ပြောင်းပေးနေပါတယ်။

ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ငါးလုပ်ငန်းဦးစီးဌာန ရေလုပ်ငန်းရှင်တို့ ပူးပေါင်းကာ အောက်တိုဘာ ၂၂ ရက်နေ့က စတင်ကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နှိုးဆော်ခြင်း၊ ငါးဖမ်းလှေများ ကမ်းခိုရပ်နားခြင်း၊ ကျားဖောင်ပေါ်တွင် အခြေပြုလုပ်ကိုင်နေသော ရေလုပ်သားများကို ကယ်ရီလှေတွေနဲ့ ရွှေ့ပြောင်းစေထားပါတယ်လို့ ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်မင်းဦးက ပြောပါတယ်။

အဆိုပါ ရေးမြို့နယ် ပင်လယ်ပြင်အတွင်း ကမ်းနီး ကမ်းဝေး ငါးဖမ်းစက်လှေပေါင်းမှာ ၄၁၉ စီးရှိပြီး ရေလုပ်သားပေါင်း ၃၈၄၂ ဦး ရှိကာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရဲ့ ၂၀၁၆-၂၀၁၇ မှတ်တမ်းတွေအရ သိရှိရပါတယ်။
သတင်း - နေမျိုးထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013