DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် အကောက်ခွန်မဲ့ ဘီယာများ ဖျက်ဆီး
DVB
·
October 24, 2016
မြိတ်တွင် အကောက်ခွန်မဲ့ ဘီယာများ ဖျက်ဆီး
Donate to DVB

မြိတ်မြို့နယ် အကောက်ခွန်ဦးစီးဌာနတွင် အောက်တိုဘာ ၂၄ ရက်နေ့၊ နံနက် ၁၁ နာရီခန့်က ဆိပ်ငယ်ရပ်ကွက်ရှိ အကောက်ခွန်ဝင်းအတွင်း၌ အကောက်ခွန်မဲ့ ဘီယာပါကင် ၃၀၀၀ ကျော်ကို ဖျက်ဆီးခဲ့ပါတယ်။

အဆိုပါ ဘီယာများကို မေလအတွင်းက ဖမ်းဆီးရမိထားခြင်းဖြစ်ကြောင်း သိရပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးရုံးရဲ့ ၂၀၁၅ ခုနှစ် ဧပြီလက ထုတ်ပြန်စာအရ တရားမဝင် တင်သွင်းရောက်ရှိလာတဲ့ အရက်၊ ဘီယာနဲ့ ဝိုင်အမျိုးမျိုးတို့ကို ဖော်ထုတ်သိမ်းဆည်း ဖျက်ဆီးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဖျက်ဆီးခဲ့တဲ့ ဘီယာများမှာ Chang beer 2550 ပါကင်၊ Singa beer 620 ပါကင်တို့ ဖြစ်ပြီး တန်ဖိုးအားဖြင့် ကျပ်သိန်း ၃၇၆ သိန်းကျော် ရှိတယ်လို့ သိရပါတယ်။

တရားမဝင် တင်သွင်းရောက်ရှိလာတဲ့ ကန့်သတ်ကုန်ပစ္စည်းများကို ဖမ်းဆီးရမိပါက အကောက်ခွန်ဥပဒေအရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ၃ နှစ်ထက်မပိုသော ထောင်ဒဏ် ချမှတ်နိုင်တယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013