DVB Logo
Home
မြန်မာသတင်း
သီပေါမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားသဖြင့် ရွာသားများ ထွက်ပြေးနေရ
DVB
·
October 24, 2016
သီပေါမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားသဖြင့် ရွာသားများ ထွက်ပြေးနေရ
Donate to DVB

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်ထဲမှာ အောက်တိုဘာ ၂၃ ရက်နေ့မနက် က မြန်မာ့တပ်မတော်နဲ့ SSA/SSPP ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ရာနဲ့ချီတဲ့ ရွာသားတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

တပ်မတော်စစ်ကြောင်းဟာ အောက်တိုဘာ ၂၂ ရက်နေ့ကတည်းက ရွာထဲကို ဝင်လာတဲ့ အတွက် အချို့ရွာသားတွေက တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး ထွက်ပြေးကြတာလို့ သီပေါမြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

“တိုက်ပွဲဖြစ်တာကတော့ သီပေါမြို့နယ် နားလော့ရွာနားမှာပါ။ အစိုးရတပ်က နားလော့ရွာထဲ ဝင်လာကတည်းက တချို့က တိုက်ပွဲဖြစ်မှာကြောက်ပြီး ကြိုတင်တိမ်းရှောင်တယ်။ တချို့က မနေ့ကမှ ထွက်ပြေးတယ်။ တချို့က သူတို့ရွာနဲ့ ၃ မိုင်လောက်ဝေးတဲ့ နားမခေါ်ရွာဘက်ကို ထွက်ပြေးတယ်။ တချို့က ကျေ့ခန်ကျေးရွာအုပ်စုဘက် ပြေးသွားတယ်။ ဘုန်းကြီးကျောင်းတွေမှာ သွားစုနေကြတယ်တဲ့။ မနေ့က ကျနော်တို့ပါတီကို ဖုန်းဆက်အကြောင်းကြားတယ်။ နားမခေါ်ဘက်ကို မနေ့က ကျနော်သွားကြည့်တော့ အယောက် ၄၀ လောက်ပဲ ရှိပါတယ်။ ကျေ့ခန်ခန်ဘက်ပြေးသွားတာက ပိုများတယ်၊ နှစ်ရာ သုံးရာရှိမယ်။ ”

နားမခေါ်ရွာသူ တဦးကတော့ သူတို့ရွာဘက်ကို စစ်ဘေးရှောင်တွေ ထပ်ရောက်လာတာ ၁၈၀ လောက်ရှိသွားပြီလို့ ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့မနက်ထိ ၁၈၀ လောက်ရှိတယ်၊ ဘုန်းကြီးကျောင်းမှာ၊ ကျမတို့ ထမင်းဟင်း ချက်ကျွေးရပါတယ်ရှင့်၊ ရွာက နည်းနည်းစီလှူကြတယ်၊ ဘုန်းကြီးကျောင်းကလည်း ထောက်ပံ့ပေးပါတယ်။ သူတို့ဆီမှာ တိုက်ပွဲဖြစ်တယ်လို့ ပြောတာပဲ၊ အားလုံး နားလော့ရွာက လာတာ”

စစ်ဘေးရှောင်သူတွေဟာ ဆောာင်ကေး၊ နမ့်လန်၊ မိုင်းခေးဘက်ကိုလည်း ထွက်ပြေးသွား တယ်လို့ ကြားရကြောင်း၊ ဒါပေမယ့် အသေးစိတ် မသိရဘူးလို့ အဆိုပါ ရွာသူက ပြောပါတယ်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့ဟာ ယူအန်အက်ဖ်စီ ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်ဖြစ်ပြီး အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (အန်စီအေ) လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013