DVB Logo
Home
မြန်မာသတင်း
ဟေတီတွင် ထောင်ဖောက်ပြီး အကျဉ်းသား ၁၇၀ ကျော်လွတ်မြောက် (ရုပ်သံ)
DVB
·
October 24, 2016
ဟေတီတွင် ထောင်ဖောက်ပြီး အကျဉ်းသား ၁၇၀ ကျော်လွတ်မြောက် (ရုပ်သံ)
Donate to DVB

ဟေတီနိုင်ငံ၊ အာကက်ဟီ(Arcahaie)အကျဉ်းထောင်မှာ အောက်တိုဘာလ ၂၃ ရက်နေ့က အကျဉ်းထောင်လုံခြုံရေးအစောင့်တွေ တိုက်ခိုက်ခံခဲ့ရပြီး အကျဉ်းသား ၁၇၄ ယောက် လွတ်မြောက်သွားခဲ့ပါတယ်။
အဲဒီအကျဉ်းသားတွေဟာ လုံခြုံရေးအစောင့်တွေ စောင့်ကြပ်နေတဲ့ ဧရိယာတ ၀ိုက် ဖောက်ထွင်းတိုက်ခိုက်ခဲ့ပြီး ရိုင်ဖယ်သေနတ် ၅ လက်ကို ခိုးယူသွားခဲ့တာပါ။

တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ ထောင်တာဝန်ကျ လုံခြုံရေးအစောင့်တဦး သေဆုံး ခဲ့ရတယ်လို့ မေရာသတင်းမှာ အောက်တိုဘာလ ၂၃ ရက်နေ့က ဖော်ပြပါတယ်။

လက်ရှိမှာတော့ တာဝန်ရှိသူတွေဟာ ဟေတီနိုင်ငံတွင်း အခြေချနေထိုင်သူ ကုလ သမဂငြိမ်းချမ်းရေးဆိုင်ရာ တာဝန်ရှိသူတွေရဲ့ အကူအညီနဲ့ အကျဉ်းသားတွေကို ရှာဖွေ နေတာပါ။
ထွက်ပြေးဖို့ ကြိုးစားတဲ့ အကျဉ်းသား ၁၁ ဦးကိုတော့ ပြန်လည်ဖမ်းမိနိုင်ခဲ့ပြီး တဦး သေဆုံးခဲ့ကာ ကျန်တဲ့သူတွေကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ ဆိုပါ တယ်။

အကျဉ်းသားအများစုဟာ တူညီဝတ်စုံတွေ ၀တ်ဆင်ထားတာမဟုတ်တဲ့အတွက် သူတို့ကို ဖော်ထုတ်ရခက်တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဟေတီတရားရေးဝန်ကြီး ကမီးလ်အက်ဒိုဝါ့ဒ်ဂျူနီယာက ဒီဖြစ်စဉ်အတွင်း အကျဉ်း ထောင်အရာရှိတဦးဟာ ထောင်နံရံမှ ပြုတ်ကျကာ နံရံနဲ့ ဦးခေါင်းဆောင့်မိကာ သေဆုံးခဲ့ ရတယ်လို့ ပြောပါတယ်။

အမေရိကန်သံရုံးကတော့ ဟေတီနိုင်ငံ၊ အာကက်ဟီ(Arcahaie)အကျဉ်းထောင် ဖောက်ထွင်းမှုကို ပြင်းထန်တဲ့ အကြမ်းဖက်မှုအဖြစ်သတ်မှတ်ပြီး နိုင်ငံသားတွေကို အဲဒီ နေရာတ၀ိုက် သွားလာမှုရှောင်ကြဉ်ဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

အခင်းဖြစ်ပွားပြီးချိန်မှာတော့ ထောင်အနီးတ၀ိုက်နေရာတွေမှာ ကစဥ့်ကလျား ထွက်ပြေးချိန်မှာ ကျန်နေခဲ့တဲ့ ဖိနပ်တွေ၊ သွေးစွန်းနေတဲ့ အလောင်းတွေနဲ့ မြေပြင်မှာ ပြန့် ကြဲနေခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013