
မြစ်ဆုံရေကာတာ ဆက်ပြီးမလုပ်ဆောင်ဘူးဆိုတာ တရားဝင်ထုတ်ပြန်မှုကို စောင့်ကြည့်ရင်း နေမဝင်ဧရာဝတီလှုပ်ရှားမှုကို ပြည်သူနဲ့အတူ ပရဟိတအဖွဲ့တွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ နာရေးကူညီမှုအသင်း ဦးကျော်သူက ပြောပါတယ်။
မြစ်ဆုံရေကာတာစီမံကိန်းကို ပြန်လည်လှုပ်ရှားတော့မယ်ဆိုတာ ကြားသိရတာကြောင့် သဘာဝပတ်ဝန်းကျင်ပညာရှင် ကျွမ်းကျင်သူတွေ ပြည်သူတွေနဲ့အတူ ပရဟိသမားတွေကလည်း ဆက်လက်ကန့်ကွက်မှုကို ပြုလုပ်မယ်လို့ ဆိုပါတယ်။
မြစ်ဆုံရေကာတာ ဆက်ပြီး မလုပ်ဆောင်ဘူးဆိုတာ တရားဝင်ထုတ်ပြန်မှုကို စောင့်ကြည့်ရင်း နေမဝင်ဧရာဝတီ လှုပ်ရှားမှုကို ပြည်သူနဲ့အတူ ပရဟိတအဖွဲ့တွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ နာရေးကူညီမှုအသင်း ဦးကျော်သူက ပြောပါတယ်။
ဒီလိုလုပ်တာက အန်အယ်လ်ဒီ အစိုးရကို ခက်ခဲစေဖို့ မရည်ရွယ်ဘဲ မြစ်ဆုံရေကာတာ ဆက်မလုပ်တဲ့အကြောင်း တရားဝင်ထုတ်ပြန်ပေးမှုကို ဖြစ်စေလိုတယ်လို့ ဦးကျော်သူက ဆက်လက်ပြောဆိုခဲ့ပါတယ်။
အဲဒီအတွက် အောက်တိုဘာ ၂၃ ရက်နေ့မှာ “နေမဝင်ဧရာဝတီ” ဧရာဝတီချစ်သူများရဲ့ရင်ဖွင့်သံ ဟောပြောပွဲကို ဒေါ်ဒေဝီသန့်စင်၊ ဒေါက်တာထွန်းလွင်တို့ ဦးဆောင်ပြီး ပရဟိတသမားအဖွဲ့တွေက မြောက်ဒဂုံနာရေးကူညီမှုအသင်း ရန်ကုန်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။











