DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ်ပြန်ကွေ့ပေမယ့် ဒီရေမြင့်တက်နိုင်ဟု မိုးဇလသတိပေး
DVB
·
October 24, 2016
မုန်တိုင်းငယ်ပြန်ကွေ့ပေမယ့် ဒီရေမြင့်တက်နိုင်ဟု မိုးဇလသတိပေး
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ နောက် ၁၂ နာရီအတွင်း မြန်မာ့ကမ်းရိုးတန်းကို ရောက်ရှိပြီး အနောက်ဖက်ကို ပြန်ကွေ့မှာဖြစ်တဲ့အတွက်ကြောင့် ဒီရေမြင့်တက်နိုင်လို့ သတိပြုကြဖို့ မိုးလေ၀သနဲ့ ဇလဗေဒညွန်ကြားရေးမှူးဦးဦးစီးဌာန ကပြောပါတယ်။

မိုးဇလဌာန တာဝန်ရှိသူတဦးက “မုန်တိုင်းကို အခုလောလောဆယ် ခန်းမှန်းထားတာကတော့ နောက် ၁၂ နာရီအတွင်း အားကောင်းလာပြီးတော့ မြန်မာ့ကမ်းရိုးတန်းဘက်ကို ရွှေ့မယ်။ ရွှေ့ပြီးတော့မှ အနောက်ပြန်ကွေ့မှာ။ ကွေ့ပြီးတော့မှ အနောက်မြောက် ဘက်ကို ဆက်လက်ရွေ့လျားမယ်ဆိုတော့ အိန္ဒိယဘက်ကို ဆက်လက်ရွှေ့လျားမယ်ဆိုတော့ အိန္ဒိယ ကမ်းခြေဘက်ကပေါ့။”လို့ ဒီဗွီဘီကို ခန့်မှန်းပြောပါတယ်။

မုန်တိုင်းငယ်ဟာ ပြန်ကွေ့မှာဖြစ်ပေမယ့် မြန်မာနိုင်ငံဘက် လေတိုက်နှုန်း ၄၀-၄၅ မိုင်အထိ တိုက်နိုင်သလို ဒီရေတက်နိုင်တယ်လို့ လည်းဆိုပါတယ်။

“မြန်မာနိုင်ငံဘက်ကိုကျတော့ ဧရာဝတီနဲ့ ရခိုင်တောင်ပိုင်းကို အဓိကထားတယ်။ အဲဒီဖက်မှာကျတော့ အမြင့်ဆုံးလေတိုက်နှုန်းက ၄၀၊ ၄၅ မိုင်အထိတိုက်ပြီးတော့ ရန်ကုန်မှာ ၃၀-၃၅ မိုင်အထိတော့ ပေးထားတယ်။ မုန်တိုင်းကြောင့် အမြင့်ဆုံးဒီရေ တော့ တက်တာ ရှိတယ်လေ။ အမြင့်ဆုံးဒီရေကျတော့ ဧရာဝတီက လပွတ္တာဘက်ပေါ့နော်။ ရခိုင်ဘက်ကျတော့ သံတွဲပေါ့။ အဲဒီဘက်တွေမှာ ဒီရေက ၇ ပေကနေ ၁၀ ပေအထိ တက်မယ်လို့ ခန့်မှန်း ထားပါတယ်။ ၇ ပေကနေ ၁၀ ပေကြားတက်မယ်လို့ ခန့်မှန်းထားတာပေါ့။ သတိပေးချက်တော့ မုန်တိုင်းဝင်မယ်ဆိုမှ ဒီရေတက်မှာပေါ့နော်။”

းလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်ကတော့ မုန်တိုင်းငယ်ဟာ အောက်တိုဘာ ၂၄ ရက် မနက် ၈နာရီ ၃၈ မိနစ်အချိန်မှာ အနောက်ဘက်ကို ပြန်ကွေ့နေတဲ့အကြောင်းနဲ့ မုန်တိုင်း အိန္ဒိယနိုင်ငံဘက် ပြန်ရွေ့နေပြီလို့ ခန့်မှန်းထားပါတယ်။

မိုးဇလဌာနရဲ့ ဒီမနက် နံနက်(၁၀း၃၀)နာရီအချိန် ထုတ်ပြန်ချက်မှာတော့ မုန်တိုင်းငယ်ဟာ အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ကိုကိုးကျွန်းမြို့ရဲ့ မြောက်- အနောက်မြောက်ဘက် မိုင်(၈၀)ခန့်၊ ဟိုင်းကြီး ကျွန်းမြို့ရဲ့ အနောက် တောင်ဘက် (၁၁၅)မိုင်ခန့်၊ ပုသိမ်မြို့ရဲ့ အနောက် တောင်ဘက် မိုင်(၁၆၀)ခန့်၊ ရန်ကုန်မြို့ရဲ့အနောက်တောင်ဘက် (၂၃၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ခန့်မှန်းထားဆဲ ဖြစ်ပါတယ်။

အဆိုပါမုန်တိုင်းငယ်ဟာ အရှေ့-ရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး၊ နောက်(၂၄)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။
အားကောင်းတဲ့မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ရုတ်တရက်ရေကြီး မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်လို့ သတိထားကြဖို့နဲ့ ပြည်တွင်းလေကြောင်းနဲ့ ရေကြောင်း သွားလာရေး၊ မြန်မာ့ကမ်းရိုးနဲ့ ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ် သင်္ဘောတွေ ကြိုတင်သတိပြု ဖို့လည်း အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013