DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက် စီးနင်းတိုက်ခိုက်ရာတွင်ပါဝင်ခဲ့သူ ၄ ဦးနှင့် ငွေကြေးထောက်ပံ့သူ ၁ ဦးဖမ်းမိ
DVB
·
October 24, 2016
အကြမ်းဖက် စီးနင်းတိုက်ခိုက်ရာတွင်ပါဝင်ခဲ့သူ ၄  ဦးနှင့် ငွေကြေးထောက်ပံ့သူ ၁ ဦးဖမ်းမိ
1 / 6
Donate to DVB

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင်း နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် စီးနင်းတိုက်ခိုက်ရာ မှာ ပါဝင်ခဲ့သူ ၄  ဦးနဲ့ ငွေကြေးထောက်ပံ့သူ တဦးဖမ်းမိတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းက ထုတ်ပြန်ပါတယ်။

တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ အောက်တိုဘာ ၂၂ ရက် ညနေ ၄ နာရီလောက်က သတင်းအရ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အကြမ်းဖက် စီးနင်းတိုက်ခိုက်ရာတွင်ပါဝင်ခဲ့တဲ့ ဆွေယောဒူရီ(ဘ) အုံမော်အာသစ်၊ ဂူရာများ(ဘ)ကော်ရုံဂူလာ၊ MVကော်မော်ရီဒိန်(ဘ)မာမတ်နဲ့ မာမက်ဒူလာ (ဘ)အဒူဝါဆေး တို့ ၄ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။

အလားတူ အောက်တိုဘာ ၁၂ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့တဲ့အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူတဦးရဲ့ ထွက်ဆိုချက်အရ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူတွေကို ငွေကြေးထောက်ပံ့ ကူညီအားပေးတဲ့ မောင်တောမြို့၊ မြို့မတောင်(၂)ရပ်ကွက်နေ မောင်မောင်စိန်(ဘ) အော်ဇီအူလာကို ယမန်နေ့ မနက် ၁၁ နာရီလောက်က တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ၄င်းရဲ့ နေအိမ်မှာ သွားရောက်ဖမ်းဆီးရ မိခဲ့တယ်လို့ သတင်းမှာ ဖြော်ပပါတယ်။

ဓာတ်ပုံ - MOI

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013