DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းငယ်အိန္ဒိယနိုင်ငံဖက်ပြန်ရွေ့နေဟု ဒေါက်တာဦးထွန်းလွင်ခန့်မှန်း
DVB
·
October 24, 2016
မုန်တိုင်းငယ်အိန္ဒိယနိုင်ငံဖက်ပြန်ရွေ့နေဟု ဒေါက်တာဦးထွန်းလွင်ခန့်မှန်း
Donate to DVB

 

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းရဲ့ လက်ရှိအခြေအနေဟာ အောက်တိုဘာ ၂၄ ရက် မနက် ၈နာရီ ၃၈ မိနစ်အချိန်မှာ  အနောက်ဘက်ကို ပြန်ကွေ့နေတဲ့အကြောင်းနဲ့ မုန်တိုင်း အိန္ဒိယနိုင်ငံဘက် ပြန်ရွေ့နေပြီလို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းထားပါတယ်။

အောက်တိုဘာ ၂၈-၂၉ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ လက်ရှိမုန်တိုင်း အိန္ဒိယအရှေ့ဘက်ကမ်းခြေကို ချဉ်းကပ်နေချိန်မှာ မြန်မာနိုင်ငံ ရခိုင်ကမ်းလွန်ဒေသမှာ အရှေ့ဘက်မှ ရွေ့လာတဲ့ လေပွေလှိုင်းတခုကြောင့် နောက်ထပ်မုန်တိုင်းငယ်တလုံး ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

မိုးဇလဌာနရဲ့ အောက်တိုဘာ ၂၄ ရက် နံနက် (၇း၀၀) နာရီအချိန် ထုတ်ပြန်ချက်မှာတော့ ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မြောက်၊ အရှေ့မြောက်ဘက်သို့ အနည်းငယ်ရွေ့လျားခဲ့ပြီး ကိုကိုးကျွန်းမြို့၏ မြောက်ဘက် မိုင် ၁၁၀ ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ အနောက်ဘက် ၆၅ မိုင်ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၁၀၀ ခန့်၊ ဂွမြို့၏ အနောက်တောင်ဘက် ၁၂၅ မိုင်ခန့်၊ ရန်ကုန်မြို့၏ အနောက်၊ အနောက်တောင်ဘက် မိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ  နောက် ၁၂ နာရီအတွင်း ပိုမိုအားကောင်း လာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး မြန်မာ့ကမ်းရိုးတန်း(မြစ်ဝကျွန်းပေါ် ဒေသ) အနီးသို့ ဦးတည်ရွေ့လျားပြီးနောက် ပြန်ကွေ့ကာ မြောက်၊ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013