DVB Logo
Home
မြန်မာသတင်း
မုန်တိုင်း အနီရောင်အဆင့်သတ်မှတ်၊ မြန်မာ့ကမ်းရိုးတန်းကို နီးကပ်လာ
DVB
·
October 23, 2016
မုန်တိုင်း အနီရောင်အဆင့်သတ်မှတ်၊ မြန်မာ့ကမ်းရိုးတန်းကို နီးကပ်လာ
Donate to DVB

ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းဟာ ပိုမိုအားကောင်းလာပြီး မြန်မာ့ကမ်းရိုးတန်းနဲ့ နီးကပ်လာလို့ အနီရောင်အဆင့် တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ မိုးလေ၀သဌာနက ကြေညာပါတယ်။

မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက နောက် ၁၂ နာရီအတွင်း  မုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းကို ထိပြီးတာနဲ့ နောက်ပြန်လှည့်ပြီး ဘင်္ဂလားပယ်လယ်အော်ထဲ ရောက်ရှိသွားမှာ ဖြစ်တယ်၊ ဒီလိုမျိုး တခါမှ မတွေ့ဖူးဘူးလို့လည်း ပြောပါတယ်။

လေတိုက်နှုန်း မိုင် ၅၀ လောက်ရှိနိုင်တဲ့ မုန်တိုင်းကို အထူးသတိထားရမယ့် ဒေသတွေကတော့ ဧရာဝတိတိုင်းနဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

“ဧရာဝတိတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့က မုန်တိုင်းလမ်းကြောင်းမှာ ရှိနေတဲ့အတွက် အဓိက သတိထားရမယ်၊ မုန်တိုင်းရဲ့ အ၀န်းအ၀ိုင်းက ပုသိမ်တို့၊ ဟိုင်းကြီးကျွန်းတို့ အဲ့ဒီ အနီးနား ပတ်ဝန်းကျင်ကနေ သွားတာပေါ့။ ပြီးတော့ သူက အပေါ်ထောင်တက်သွားမှာဆိုတော့ ရခိုင်တောင်ပိုင်းဒေသတွေလည်း သတိထားရမယ့်အထဲ ပါတယ်။”

မုန်တိုင်းနီးကပ်လာချိန်ကို အနီရောင်အဆင့် တိုးမြှင့်သတိပေးပြီး မုန်တိုင်း ကမ်းကို ဖြတ်ကျော်ချိန်မှာ ပုံမှန်အားဖြင့် အညိုရောင် သတ်မှတ်တာ ဖြစ်ပါတယ်။

အခု မုန်တိုင်းကတော့ ကမ်း မဖြတ်ဘဲ ပင်လယ်ထဲ နောက်ကြောင်းပြန်သွားမှာမို့ ဘယ်လို သတ်မှတ် ထုတ်ပြန်ရမလဲဆိုတာကို မိုးလေ၀သဌာနကလည်း စဉ်းစားတုန်းလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013