DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းအန္တရယ် ကယ်ဆယ်ရေး အားလုံးအသင့်ပြင်ထားဟု ဧရာဝတီတိုင်းအစိုးရ ပြော
DVB
·
October 23, 2016
မုန်တိုင်းအန္တရယ် ကယ်ဆယ်ရေး အားလုံးအသင့်ပြင်ထားဟု ဧရာဝတီတိုင်းအစိုးရ ပြော
1 / 8
Donate to DVB

မုန်တိုင်းဦးတည်ရာ ဟိုင်းကြီးကျွန်းမြို့အပါအ၀င် ဧရာဝတီတိုင်းအတွင်း မုန်တိုင်းဝင်မယ့်အကြောင်း နှိုးဆော်အသိပေးနေသလို ကယ်ဆယ်ရေးလုပ်ဖို့လည်း အားလုံး အသင့်ပြင်ထားတယ်လို့ တိုင်းအစိုးရအဖွဲ့က ပြောပါတယ်။

ဧရာဝတီတိုင်း အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမျိုးမင်းထွန်းက “ပထမဦးစားပေးက ဟိုင်းကြီးကျွန်းမြို့ပါ၊ ပြီးလို့ရှိရင် လပွတ္တာ၊  ပြင်စလူ၊ နောက် မော်လမြိုင်ကျွန်းမြို့ရယ်ပေါ့၊ ပထမဦးစားပေးပေါ့။ မုန်တိုင်းဦးတည်ရာက အဲ့မြို့တွေ ဆိုတော့လေ။ အဲ့မြို့တွေကို မုန်တိုင်းသတင်းရရှိဖို့ အဆက်မပြတ် ကြေညာပေးနေတယ်။ နောက်တပိုင်း မုန်တိုင်းဝင်ရောက်လာလို့ ပျက်စီးဆုံးရှုံးမှုရှိလို့ ကယ်ဆယ်ရေးလုပ်ရမယ်ဆိုရင် အသင့်ကယ်ဆယ်နိုင်ဖို့ ရှက်တာတွေ ကနဦး ရှက်တာတွေ ရှိသလို ခိုင်ခန့်တဲ့ ဘုန်းကြီးကျောင်းတွေ ကျောင်းဆောင်တွေမှာ နေနိုင်ဖို့ စီစဉ် ထားပါတယ်။”

ကယ်ဆယ်ရေးလုပ်မယ့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေ ဖွဲ့ထားပြီး အခုကတည်းက အားလုံးအသင့်အနေအထားနဲ့ စောင့်နေကြပြီလို့လည်း သူက ပြောပါတယ်။

ဖုန်းနဲ့ သတင်းအချက်အလက်ပြန်ကြားပေးနေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနကလည်း ပြန်ဆက်တွေကတဆင့် မုန်တိုင်းသတိပေးနှိုးဆော်တာတွေ အဆက်မပြတ် လုပ်နေတယ်လို့ ပြောပါတယ်။

“မုန်တိုင်းစက်ကွင်းမိနိုင်တာတော့ မော်လမြိုင်ကျွန်း၊ အိမ်မဲ၊ သာပေါင်း၊ ပုသိမ်၊ မြောင်းမြ၊ လပွတ္တာလို့ ပြောထားတော့ ဧရာဝတီတိုင်းမှာတော့ အဲ့ဒီမြို့နယ်တွေမှာ ကြိုတင်ပြင်ဆင်မှုတွေ မုန်တိုင်းအန္တရာယ်ကျရောက်လာလို့ရှိရင် ဘာတွေလုပ်ဆောင်ရမယ်ဆိုတဲ့ မုန်တိုင်းသတိပေးချက်တွေကို ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာနကနေ ကြော်ငြာဘုတ် ကပ်တာတို့ လိုက်ပြီး အော်ခိုင်းတာတို့ လုပ်နေပါတယ်။”

မုန်တိုင်းကာလအတွင်း ရေကြောင်းခရီး မသွားကြဖို့နဲ့ မုန်တိုင်းဒဏ်ခံနိုင်တဲ့ ရှက်တာ တွေမှာ ပြောင်းရွှေ့နေထိုင်ကြဖို့ နှိုးဆော်သတိပေးတာတွေလည်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

လပွတ္တာမြို့က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှကလည်း တာဝန်ရှိသူတွေက ကယ်ဆယ်ရေးလုပ်ဖို့ အသင့်ဖြစ်နေတာ တွေ့နေရသလို ပင်လယ်ဘက်ခြမ်းရွာတွေက တချို့တွေဆို ဘေးကင်းတဲ့ ရှက်တာတွေဆီ ပြောင်းရွှေ့နေထိုင်နေကြပြီလို့ ပြောပါတယ်။

“အခုဆို မြို့ပေါ်တောင် ရောက်နေကြပြီ၊ မုန်တိုင်း ရှောင်လာကြတာ၊ အရင်က အဲ့ဒီလို မရှိဘူးလေ။ ပင်လယ်ဘက်က သူတွေ၊ အဲ့ဒီမှာ ရှက်တာ ရှိတဲ့သူတွေကလည်း ရှက်တာပေါ်မှာ လူတွေ တင်သင့်သလောက်တင်၊ စားရေရိက္ခာ ဘာညာတွေပါ ရွှေပြောင်းပြီးတော့ ပြင်နေကြတဲ့ အခြေအနေ ရှိပါတယ်။”
လပွတ္တာမှာ မွန်းလွဲ ၁ နာရီခွဲခန့်က မှိုင်းမှုန်နေပြီး  မိုးအနည်းငယ်ရွာနေပေမယ့် လေတိုက်ခတ်တာတော့ မပြင်းသေးဘူးလို့လည်း ပြောပါတယ်။

မိုးလေ၀သဌာနကတော့ ဒီနေ့ညနေပိုင်းမှာ အင်အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းတခုဟာ မြန်မာ့ကမ်းရိုးတန်းအနီးကို ရောက်ရှိနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လပွတ္တာမြို့ပေါ်ရောက် မုန်တိုင်းရှောင်ပြည်သူအချို့ (ဓာတ်ပုံ - နှလုံးသားကျန်းမာရေးစောင့်ရှောက်မှု့အဖွဲ့)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မုန်တိုင်းအန္တရယ် ကယ်ဆယ်ရေး အားလုံးအသင့်ပြင်ထားဟု ဧရာဝတီတိုင်းအစိုးရ ပြော