DVB Logo
Home
မြန်မာသတင်း
ရွှေပေါက္ကံမြို့သစ်တွင် ခိုးဝင်ဘင်္ဂါလီ ၁၇ ဦး ဖမ်းမိ
DVB
·
October 23, 2016
ရွှေပေါက္ကံမြို့သစ်တွင် ခိုးဝင်ဘင်္ဂါလီ ၁၇ ဦး ဖမ်းမိ
Donate to DVB

ရန်ကုန်မြို့မှာ ရခိုင်ပြည်နယ်အတွင်းကနေ အထောက်အထားမဲ့ ခိုးဝင်လာသူများ ဆက်တိုက်ဖမ်းမိနေပြီး ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါကံ္ကမြို့သစ်မှာ ခိုးဝင်ဘင်္ဂါလီ ၁၇ ဦးကို ဖမ်းဆီးမိခဲ့ပါတယ်။

ရွှေပေါကံ္ကမြို့၊ အလောင်းဘုရားလမ်းရှိ နေအိမ်ခြံစည်းရိုးကို မသင်္ကာဖွယ်အမျိုးသားတဦးက ကျော်နင်းဝင်ရောက်နေကြောင်း သတင်းအရ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါကံ္ကနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တွေက သက်သေတွေနဲ့အတူ နေအိမ်အတွင်း ၀င်ရောက်စစ်ဆေးရှာဖွေရာမှာ နေအိမ်အတွင်း အထောက်အထားမဲ့ ခိုးဝင်လာသူ ၁၇ ဦးတို့ကို စိစစ်တွေ့ရှိ ဖမ်းဆီးခဲ့တာပါ။

သူတို့တွေဟာ ရခိုင်ပြည်နယ်၊ မြောက်ဦး၊ မင်းပြားနဲ့ ကျောက်တော်မြို့တို့က ဖြစ်ပြီး ၀င်းကျော် (စုံစမ်းဆဲ) နဲ့ အေးသိန်း(စုံစမ်းဆဲ) ဆိုသူ ၂ ဦးတို့က တဦးလျင် ငွေကျပ် ၁၁ သိန်းနဲ့ ရန်ကုန်မြို့ကို ခေါ်လာခဲ့တာ ဖြစ်ပါတယ်။

ရွှေပေါကံ္ကမြို့၊ အလောင်းဘုရားလမ်းရှိ နေအိမ်ကို သူတို့ ရောက်ရှိနေကြတာ ၁ ပတ်လောက် ရှိပြီဖြစ်ပြီး မလေးရှာကို ဆက်သွားရင် တဦးလျင် ငွေကျပ် ၁၂ သိန်းပေးရမယ်လို့ သိရပါတယ်။

သူတို့ကို ရန်ကုန်ခေါ်လာကြတဲ့ ၀င်းကျော်၊ အေးသိန်း၊ မောင်ကျော်တို့နဲ့  အထောက်အထားမဲ့ ခိုးဝင်လာကြတဲ့ ၁၇ ဦးတို့ကို ရွှေပေါက္ကံနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၆၇/၃၇၀နှင့်လည်းကောင်း၊ ၁၉၄၉ ခုနှစ်၊ မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ၆(၂)/၆(၃) တို့အရ အမှုဖွင့်ထားပါတယ်။

ဝင်းကျော်၊ အေးသိန်းနဲ့ မောင်ကျော်တို့ ၃ ဦးကို ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့ကလည်း ရန်ကုန်မြို့အတွင်း တရားမ၀င် ၀င်ရောက်လာတဲ့ ဘင်္ဂါလီ ၅ ဦးကို တာမွေမြို့နယ်အတွင်းဖမ်းဆီးရမိခဲ့ပါတယ်။

သူတို့ ၅ ဦးကို ရခိုင်ပြည်နယ်၊ တင်းတောင်းကျေးရွာနေအလီအာမက် ဆိုသူ စုံစမ်းဆဲ က တစ်ဦးလျင်ငွေကျပ် ၁၅သိန်းနဲ့ မလေးရှားပို့ပေးမယ်ဆိုပြီး ကားနဲ့ ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

အခုလို တရားဝင် ၀င်ရောက်လာတဲ့ ဘင်္ဂါလီတွေကို ဆက်တိုက်ဖမ်းဆီးမိနေတဲ့အပေါ် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲက ရဲမှူးလှဝင်းကတော့ တိုင်းအတွင်းရှိ ဂိတ် ၄ ခုကို ကြီးကြပ်စစ်ဆေးမှုတွေ ပိုလုပ်နေတယ်လို့ ပြောပါတယ်။

“ရန်ကုန်တိုင်းအတွင်း ၀င်လမ်းထွက်လမ်းတွေကို လုံခြုံရေးအထူးကြပ်မတ်ပြီး စိစစ်နေပါတယ်၊ ဂိတ် ၄ ဂိတ်ကိုလည်း ခရိုင်မှူးတွေနဲ့ ကြီးကြပ်ပြီးတော့ အခု လောလောဆယ် အင်အားတိုးမြှင့်ပြီးတော့ ပိုက်စိပ်တိုက်ပြီး ၀င်လာတဲ့လမ်းကြောင်းတွေကို ရှာဖွေနေပါတယ်ဗျ။”

ဖမ်းမမိသေးတဲ့ လူကုန်ကူးသူတွေ ဖမ်းမိရေးအတွက် သက်ဆိုင်ရာ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ပူးပေါင်း လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

ပြည်သူများအနေဖြင့်လည်း မိမိတို့နေထိုင်ရာ ရပ်ကွက်/ကျေးရွာ၊ မြို့နယ်များအတွင်း မသင်္ကာဖွယ် ဧည့်စိမ်းတွေ ရောက်ရှိနေကြောင်း သိရှိပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ဖုန်းအမှတ် ၁၉၉ နဲ့ ဖုန်းအမှတ် ၀၁-၂၃၂၃၁၉၉ ကို ဆက်သွယ်သတင်းပေးကြပါလို့ တိုင်းရဲတပ်ဖွဲ့က နှိုးဆော်အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013