DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းအန္တရာယ်အတွက် အသင့်ပြင်ထားဟု ဧရာဝတီတိုင်း မီးသတ်ပြော
DVB
·
October 23, 2016
မုန်တိုင်းအန္တရာယ်အတွက် အသင့်ပြင်ထားဟု ဧရာဝတီတိုင်း မီးသတ်ပြော
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးအတွင်း မုန်းတိုင်းအန္တရာယ်ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ပြုလုပ်ဖို့အတွက် အသင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိုင်းမီးသတ်ဦးစီးမှူး ဦးကျော်ကျော်က ဒီဗွီဘီ ကို ပြောပါတယ်။

တိုင်းအဆင့်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ၁၁၆ ယောက်အပါအဝင်၊ တစ်မြို့နယ်ကို ၃၅ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ ၂၆ ဖွဲ့ကို stand to ကနေ အသင့်အနေအထား stand by အဖြစ် စတင်ဆောင်ရွက်နေသလို ကယ်ဆယ်ရေးအဖွဲ့တွေအတွက် ရိက္ခာတွေကိုလည်း စုဆောင်းထားရှိပြီး ကယ်ဆယ်ရေးအတွက် speed boat တွေလည်း အသင့်ပြင်ထားတယ်လို့ ဒုတိုင်းမီးသတ်ဦးစီးမှူး ဦးကျော်ကျော်က ဒီဗီဘီကို ပြောပါတယ်။

မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ချက်ခြင်းတုံ့ပြန်နိုင်အောင်ဆောင်ရွက်ထားပြီး ဖြစ်နိုင်ခြေရှိတဲ့ ဟိုင်းကြီးကျွန်းဒေသကို မီးသတ်ဌာနချုပ်အပါအဝင် တိုင်း၊ခရိုင်၊ မြို့နယ် အဆင့်ဆင့် သတင်းပို့ကွပ်ကဲနေတယ်လို့ဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့လည်း မြို့နယ်အသီးသီးကို မုန်တိုင်းသတိပေးချက်စာတွေထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းဟာ ပိုမို အားကောင်းလာပြီး ဒီနေ့ ညနေပိုင်း မြန်မာ့ကမ်းရိုးတန်းအနီး ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သဌာနက ဒီမနက် သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013