DVB Logo
Home
မြန်မာသတင်း
မြန်မာတောင်သူများ အော်ဂဲနစ်နည်းပညာ သိရှိမှုအားနည်း၊ အစိုးရ ပံ့ပိုးရန်လိုအပ်
DVB
·
October 23, 2016
မြန်မာတောင်သူများ အော်ဂဲနစ်နည်းပညာ သိရှိမှုအားနည်း၊ အစိုးရ ပံ့ပိုးရန်လိုအပ်
Donate to DVB

မြန်မာနိုင်ငံက တောင်သူတွေအနေနဲ့ အော်ဂဲနစ်နည်းပညာကို သိရှိမှုအားနည်းတာကြောင့် အစိုးရအနေနဲ့ တောင်သူတွေကို အော်ဂဲနစ်သွင်းအားစုတွေ ပံ့ပိုးဖို့လိုအပ်တယ် လို့စိုက်ပျိုးရေးပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ ဈေးကွက်တွေမှာ မြန်မာ့လယ်ယာထွက်ကုန်တွေ ရောင်းချနိုင်ဖို့အတွက် နိုင်ငံတကာက လက်ခံတဲ့ အော်ဂဲနစ်နည်းပညာနဲ့ သွင်းအားစုတွေကို အစိုးရအနေနဲ့ ပံ့ပိုးဖို့ လိုအပ်နေတာလို့ စိုက်ပျိုးရေး ပညာရှင်တွေနဲ့ တောင်သူအချို့က တောင်းဆိုပါတယ်။

အဲဒီလို အသိပညာတွေ မရှိတာကြောင့် ဓာတုဆေးဝါးတွေရဲ့ အကျိုးအပြစ်ကို မသိရှိသေးတဲ့ တောင်သူတွေလည်း ရှိနေသေးတယ်လို့ စိုက်ပျိုးရေးပညာရှင် ဦးသိန်းနိုင်က ပြောပါတယ်။

“အော်ဂဲနစ်စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ တောင်သူတွေဘက်က အားနည်းမှုကတော့ အော်ဂဲနစ်နည်းပညာအကြောင်းကို အခြေခံအားဖြင့် သိရှိမှုအားနည်းတာပါပဲ။ ဓာတုပစ္စည်းများကိုတော့ အသုံးပြုစွဲများလာတာ ဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ အတွေ့အကြုံအရ ဒီပစ္စည်းတွေရဲ့ အကျိုးကျေးဇူးကို သူတို့တွေ့ကြတယ်ပေါ့။ သို့သော် ဆိုးကျိုးကိုတော့ သူတို့အာရုံမပြုမိကြသေးပါဘူး။ ဒီနေရာမှာ တခါ အော်ဂဲနစ်ပစ္စည်းရဲ့ အခြေခံ သဘောသဘာဝကိုလည်း သိရှိနိုင်မှု အားနည်းတဲ့ အခါကျတော့ အော်ဂဲနစ် ပစ္စည်းတွေကို သုံးစွဲဖို့ သူတို့က စိုးရိမ်စိတ်ရှိကြတယ်ပေါ့။ ဓာတုပစ္စည်းများကဲ့သို့ သူတို့ သီးနှံစိုက်ပျိုးရေးကို အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ရှိပါတယ်။”

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကလည်း လက်ရှိအချိန်မှာ အော်ဂဲနစ်နဲ့ ပတ်သက်တဲ့ ကွင်းဆင်းအသိပညာပေးမှုတွေ မရှိသလောက်နည်းပါးနေတယ်လို့ မကွေးတိုင်းဒေသကြီးက တောင်သူတဦးက ဆိုပါတယ်။

လက်ရှိအချိန်မှာ မြန်မာ့လယ်ယာထွက်ကုန်တို့ဟာ ပြည်ပဈေးကွက်ကို တင်ပို့မှု အားနည်းနေသေးတာလည်း ဖြစ်ပါတယ်။

မြန်မာ့လယ်ယာထွက်ကုန်တွေကို ဥရောပနဲ့ အမေရိကားဈေးကွက်ကို ထိုးဖောက်မယ်ဆိုပါက အော်ဂဲနစ်သီးနှံတွေကို ဦးစားပေး တင်ပို့ရမယ်လို့လည်း တောင်သူ ကိုစိုးမင်းအောင်က ပြောပါတယ်။

“ဓာတုတွေနဲ့ တဖြည်းဖြည်းနဲ့ လယ်သမားတွေစိုက်လာကြတယ်။ စိုက်လာကြတဲ့ အခါကျတော့ ထွက်လာတဲ့ သီးနှံတွေဟာ အဆိပ်မကင်းတော့ဘူးပေါ့နော်။ အားလုံးက သီးနှံတွေက ရှင်းရှင်းပြောရရင် တနိုင်ငံလုံးမှာရှိတဲ့ သီးနှံတွေက အဆိပ်သင့်နေတယ်။ ဒါတွေကိုပဲ အကိုတို့ပြန်စားရတယ်။ စားပြီး လူတွေရဲ့ ကျန်းမာရေးတွေ အမျိုးမျိုးထိခိုက် လာတယ်။ အော်ဂဲနစ်အသိမရှိတာကလည်း အော်ဂဲနစ်စိုက်ပျိုးရေးဆိုတဲ့ဟာကို ဘာမှန်း မသိတာကလည်း တကြောင်းပါတာပေါ့နော်။ နိုင်ငံတော်ပိုင်းကနေပြီးတော့ အော်ဂဲနစ် စိုက်ပျိုးရေးနဲ့ပတ်သက်လို့ အသိပညာပေးခဲ့တာတို့ ဘာတို့တော့ မရှိခဲ့ပါဘူး။”

အော်ဂဲနစ် စိုက်ပျိုးထားတဲ့ တောင်သူတွေအတွက် အော်ဂဲနစ်သွင်းအားစု ဆေးဝါးတွေ မရှိတာဟာလည်း အခက်အခဲတခုဖြစ်နေပြီး ပြည်ပဈေးကွက်ရရှိဖို့ကလည်း အခက်အခဲတခုဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013