DVB Logo
Home
မြန်မာသတင်း
၆ လအတွင်း နိုင်ငံ့စီးပွား နှစ်ဆ သုံးဆ တိုးတက်နိုင်ဟု စီမံဘဏ္ဍာဝန်ကြီး ပြော
DVB
·
October 23, 2016
၆ လအတွင်း နိုင်ငံ့စီးပွား နှစ်ဆ သုံးဆ တိုးတက်နိုင်ဟု စီမံဘဏ္ဍာဝန်ကြီး ပြော
Donate to DVB

အစိုးရအဖွဲ့  ပထမ ၆ လတာကာလမှာ နိုင်ငံ့စီးပွားရေး တုံ့နှေးခဲ့ပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေသာ အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ရင် နောက် ၆ လအတွင်း နှစ်ဆ သုံးဆ တက်သွားနိုင်တယ်လို့ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းက ပြောလိုက်ပါတယ်။

အောက်တိုဘာ ၂၂ ရက်က နေပြည်တော်မှာ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲမှာ သူက ပြောခဲ့တာဖြစ်ပြီး အစိုးရအဖွဲ့အပြောင်းအလဲမှာ လုပ်စရာတွေ များလွန်းလို့ ပထမ ၆လအတွင်း စီးပွားရေးတိုးတက်မှု နှောင့်နှေးခဲ့တာလို့လည်း သူက ပြောပါတယ်။

"လက်ဆင့်ကမ်းပြေးပွဲလိုပဲ၊ အရင်ပြေးနေတဲ့ အရှိန်အဟုန်ကို နောက် လက်ဆင့်ကမ်းယူမယ့် ပုဂ္ဂိုလ်များက အရှိန်နဲ့တပြေးညီ ရအောင်လို့ ခြေလှမ်းညီအောင်လို့ ကျနော်တို့ လိုက်ပြီးတော့ ပြေးရတဲ့အပိုင်းမှာလည်းပဲ အချိန်လိုအပ်ချက် ရှိပါတယ်။ နောက်တခါ အရင်အစိုးရဘက်က ရပ်ဆိုင်းသွားခဲ့တဲ့ ကော်မရှင်တွေ ကော်မတီတွေကို အချိန်နဲ့တပြေးညီ ပြန်လည်ဖွဲ့စည်းဖို့ကိစ္စကိုလည်း ဆောင်ရွက်ခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုတက်ရောက်လာကြတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများနဲ့ ကျနော်တို့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် နောက် ၆ လအတွင်း အရှိန် နှစ်ဆ သုံးဆ တက်သွားမယ်လို့ ယုံကြည်ပါတယ်"

ခေတ်စနစ်နဲ့လျော်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းနေရတဲ့အတွက်လည်း နှောင့်နှေးကြန့်ကြာခဲ့တယ်လို့ ၀န်ကြီးက ပြောပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့လုပ်ငန်းကို လွတ်လွတ် လပ်လပ် အေးအေးချမ်းချမ်းနဲ့ တရားဥပဒေဘောင်အတွင်းက ဘယ်လုပ်ငန်းမဆို လုပ်ကိုင်နိုင်ခွင့်ရှိမယ်ဆိုရင်  အခုလက်ရှိ ကြုံတွေ့နေရတဲ့ စီးပွားရေးတုံ့ဆိုင်းမှုဟာ မကြာမီကာလအတွင်း လျင်လျင်မြန်မြန် တိုးတက်သွားမယ်လို့လည်း စီမံဘဏ္ဍာဝန်ကြီးက ပြောခဲ့ပါတယ်။

အစိုးရနဲ့ လုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲတက်ခဲ့တဲ့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ဒီပွဲကနေ အစိုးရဘက်က ရှင်းရှင်းလင်းလင်းသိခွင့်ရခဲ့တာတွေ ရှိတယ်လို့ ပြောပါတယ်။

“တိုင်းပြည်က ပြည်သူပြည်သားတွေက အခွန်ပေးတဲ့သူတွေဖြစ်တဲ့အတွက် အခွန်ပေးတဲ့ယဉ်ကျေးမှုကို စီးပွားရေးလုပ်ငန်းရှင်တွေက စပြီးတော့ အကောင်အထည်ဖော်ပါ ဆိုပြီးတော့ ဒါမျိုးလေးတွေ ကျနော်တို့ ရတယ်။ နောက် အဂတိလိုက်စားမှုကို သူတို့ သည်းညည်းမခံဘူး။ အဲ့ဒီတော့ ကျနော်တို့ အရင်တုန်းက အဆက်အသွယ်နဲ့ လုပ်တဲ့ စီးပွားရေးတွေဆို ဒါတွေကို ပုံစံပြောင်းပြီးတော့ အခု ပေါ်လစီအသစ်နဲ့ လုပ်နိုင်ဖို့အတွက် သတင်းအချက်အလက် ရတာပေါ့။”

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တက်ရောက်ခဲ့တဲ့ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများ စည်းဝေးပွဲမှာ အစိုးရသစ်ရဲ့ ၆လတာကာလအတွင်း နိုင်ငံ့စီ ပွားရေးဟာ မျှော်မှန်းသလောက် တိုးတက်မှု မရှိခဲ့ဘူးလို့ ၀န်ခံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013