DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင်က ဘင်္ဂါလီ လူမျိုးများ ပြန်လည်ရောက်ရှိ
DVB
·
October 23, 2016
ဘူးသီးတောင်က ဘင်္ဂါလီ လူမျိုးများ ပြန်လည်ရောက်ရှိ
1 / 4
Donate to DVB

မောင်တောမြို့မှာ ရောက်ရှိနေပြီး မပြန်နိုင်ပဲဖြစ်နေတဲ့ ဘူးသီးတောင်မှ ဘဂါင်္လီလူမျိုးတွေ ပြန်လည်ရောက်ရှိလာပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာ ဘူးသီးတောင် မောင်တော ကားလမ်းများ အသွားအလာရပ်ဆိုင်းခဲ့ပြီး နယ်မြေအတွင်းလုံခြုံရေးအစီအစဉ်များ ဆောင်ရွက်နေတဲ့အတွက် ဘင်္ဂါလီလူမျိုးများ အသွားအလာမရှိဖြစ်နေခဲ့ပါတယ်။

ဘူးသီးတောင်မြို့နယ်ထဲကနေ မောင်တောမြို့ကို အကြောင်းအမျိုးမျိုနဲ့ ရောက်ရှိနေကြတဲ့ ဘင်္ဂါလီလူမျိုး ၁၁၄ ဦးကို မောင်တောနဲ့ ဘူးသီးတောင်နှစ်မြို့နယ် လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနနှစ်ခုက လိုအပ်တဲ့အထောက်အထားတွေ စီစစ်ပြီး နေရပ်ကို ပြန်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးခဲ့တဲ့အတွက် အောက်တိုဘာ ၂၂ ရက်နေ့ ညနေပိုင်းမှာဘူးသီးတောင်ကို ကား ၆ စီးနဲ့ ပြန်ရောက်လာခဲ့ပါတယ်။

ဒီညနေပြန်ရောင်လာသူတွေထဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ခုနစ်ရက် ခရီးသွားခွင့်နဲ့ သွားခဲ့ပြီး ပြန်ရောက်လာသူတွေလည်း ပါပါတယ်။

သူတို့ကို လုံခြုံရေးအရ လိုအပ်သလို စစ်ဆေးပြီး နေအိမ်တွေကို ပြန်ခွင့်ပေးခဲ့ပါတယ်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့အတွက် ခရီးဝေး ပြန်ရမယ့်သူတွေကိုတော့ အနောက်ရပ်ကွက် အာရဗီစာသင်ကျောင်းမှာ တည်းခိုဖို့ စီစဉ်ပေးထားပါတယ်။

ဒါ့အပြင် ဘူးသီးတောင်မြို့နယ်ထဲကို ရောက်ရှိနေတဲ့ မောင်တောမြို့နယ်ထဲက ဘင်္ဂလီလူမျိုးတွေကိုလည်း စီစစ်ပြီး နေရပ်ပြန်နိုင်အောင် ဆောင်ရွက်ပေးဖို့ရှိနေပြီး အရေအတွက်ကိုတော့ စိစစ်နေဆဲဖြစ်ပါတယ်။

မောင်တောခရိုင်ထဲမှာ ဘင်္ဂါလီလူမျိုးတွေ ခရီးသွားလာတဲ့အခါ ခရီးထွက်ခွာခွင့်လက်မှတ်ပုံစံ (၄)ကို သက်ဆိုင်ရာ လ၀ကရုံးများမှာတောင်းခံပြီး သွားလာကြရတာဖြစ်ပါတယ်။

သတင်းနှင့်ဓါတ်ပုံ ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013