DVB Logo
Home
မြန်မာသတင်း
မုန်တိုင်း ယနေ့ညနေ မြန်မာ့ကမ်းရိုးတန်းရောက်နိုင်ဟု မိုးဇလ သတင်းထုတ်
DVB
·
October 23, 2016
မုန်တိုင်း ယနေ့ညနေ မြန်မာ့ကမ်းရိုးတန်းရောက်နိုင်ဟု မိုးဇလ သတင်းထုတ်
Donate to DVB

ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းဟာ ပိုမို အားကောင်းလာပြီး ဒီနေ့ ညနေပိုင်း မြန်မာ့ကမ်းရိုးတန်းအနီး ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သဌာနက ဒီမနက် သတင်းထုတ်ပြန်ထားပါတယ်။

မုန်တိုင်းဟာ လတ်တလော ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းအနီး မိုင် ၈၀ ခန့်အကွာမှာ ရောက်ရှိနေပြီး မြန်မာ့ကမ်းရိုးတန်းဘက်သို့ ဦးတည်နေတဲ့အတွက်  လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ဒီနေ့ကနေ အောက်တိုဘာ ၂၅ ရက်အထိ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ နေရာကွက် မိုးကြီးနိုင်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမယ်၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်တယ်လို့ မိုးလေ၀သဌာနက မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013