DVB Logo
Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်တွင် ကျောက်မိုင်း ပြိုကျသဖြင့် အလုပ်သမား ၁ ဦး သေဆုံး
DVB
·
October 23, 2016
တနင်္သာရီမြို့နယ်တွင် ကျောက်မိုင်း ပြိုကျသဖြင့် အလုပ်သမား ၁ ဦး သေဆုံး
1 / 2
Donate to DVB

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု ကဒဲလိပ်ကျေးရွာရှိ ကျောက်မိုင်း လုပ်ငန်းခွင်အတွင်း အမြင့်ပေ ၃၀ လောက်ရှိ မိုင်းခွဲထားတဲ့ ကျောက်မိုင်းတွေ ရုတ်တရက် ပြိုကျမှုကြောင့် အလုပ်သမားတဦး သေဆုံးသွားပါတယ်။

အောင်တိုဘာ ၂၁ ရက်နေ့ မနက် ၉ နာရီလောက်က တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ ကဒဲလိပ် ကျေးရွာ မြောက်ဘက်ခြမ်းရှိ ဦးထင်အောင်ရဲ့ ကျောက်မိုင်း လုပ်ငန်းမှာ လွန်ခဲ့သော (၃) လလောက် မိုင်းခွဲထားတဲ့ ကျောက်မိုင်းတွေကို အလုပ်သမားတွေက စုပုံနေတုန်း အမြင့်ပေ ၃၀ ပေလောက် ကျောက်မိုင်းကမ်းပါး ကျောက်နဲ့ မြေသားတွေ ပြိုကျခဲ့လို့ ၂၁ နှစ်အရွယ် ဇင်ကိုဦး ဘယ်ဘက် နံကြား ပေါက်ပြဲဒဏ်ရာ (၁) ချက်၊ နားနှစ်ဘက် သွေးယိုစီးပြီး သွေးထွက်ဒဏ်ရာတွေကြောင့် မြိတ်ပြည်သူ့ဆေးရုံကြီးကို တင်ပို့ရာမှ သေဆုံးသွားကြောင်း တနင်္သာရီ မြို့မရဲစခန်းက ပြောပါတယ်။

14690951_1307813369229317_568078667436903676_nဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် စစ်ဆေးနိုင်ဖို့အတွက် ဒုရဲမှူး တင်အောင်မှ တရားလိုပြုလုပ် တိုင်တန်းထားလို့ တနင်္သာရီမြို့မရဲစခန်းက သေမှုသေခင်း နဲ့ အမှုဖွင့် စစ်ဆေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကိုဘိတ် (မြိတ်)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013