DVB Logo
Home
မြန်မာသတင်း
ဂုဏ်ယူဝင့်ကြွားဖွယ် နိုင်ငံဖြစ်ရေး လုပ်ကြရန် လူငယ်လုပ်ငန်းရှင်များကို ဒေါ်စု တိုက်တွန်း
DVB
·
October 22, 2016
ဂုဏ်ယူဝင့်ကြွားဖွယ် နိုင်ငံဖြစ်ရေး လုပ်ကြရန် လူငယ်လုပ်ငန်းရှင်များကို ဒေါ်စု တိုက်တွန်း
Donate to DVB

လူငယ်လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ရင်းနဲ့ မြန်မာနိုင်ငံကို ဂုဏ်ယူဝင့်ကြွားဘွယ် နိုင်ငံဖြစ်လာအောင် ၀ိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ပေးကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

နေပြည်တော်မှာ ဒီနေ့မွန်းလွဲပိုင်း စတင်ကျင်းပပြုလုပ်တဲ့ မြန်မာလူငယ်စွန့် ဦးစီးပွားရေးလုပ်ငန်းရှင်များ ညီလာခံမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

“ကျမတို့ လူငယ်လုပ်ငန်းရှင်တွေဟာ မိမိတို့ရဲ့လုပ်ငန်းတွေ အောင်မြင်အောင် လုပ်နေရင်း တချိန်တည်းမှာပဲ ကျမတို့ရဲ့ နိုင်ငံဟာ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အသိုင်းအ၀ိုင်းတခု ဖြစ်လာဖို့ ကြိုးစားပေးစေချင်ပါတယ်။ တခြားနိုင်ငံတွေကို ကျောဖို့လည်း မဟုတ်ဘူး၊ အနိုင်ယူဖို့လည်း မဟုတ်ဘူး၊ ကျမတို့ရဲ့ နိုင်ငံဟာ ဘယ်လိုပဲ ပြောပြော ကျမတို့ ပြည်သူပြည်သား အားလုံးအတွက် လုံခြုံရာ အေးချမ်းရာ တိုးတက်ရာ ရေမြေ ဖြစ်စေချင်ပါတယ်။ ဒီလိုဖြစ်မှာသာလျင် မျိုးဆက်တွေ မျိုးဆက်တွေ အားလုံးဟာ ဒီနိုင်ငံမှာ အေးအေးချမ်းချမ်း ဂုဏ်သရေရှိရှိနဲ့ နေနိုင်သွားမှာပါ။”

လူငယ်တွေဟာ လူကြီးတွေထက် အခွင့်အလမ်း ပိုရှိလို့ ဒီအခွင့်အလမ်းကို အသုံးချကြပါလို့လည်း သူက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မနက်ပိုင်းမှာလည်း မြန်မာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့   စီးပွားရေးလုပ်ငန်းရှင်များ ဒီနေ့ တွေ့ဆုံမှုအတွင်း လိုအပ်တဲ့ အကြံဉာဏ်တွေပေးကြဖို့ ဖိတ်ခေါ်ခဲ့သလို အစိုးရနဲ့ လုပ်ငန်းရှင်တွေ မကြာခဏ တွေ့ဆုံဆွေးနွေးကြဖို့လည်း သဘောတူခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013