DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြို့ပေါ် ၁၀ ရပ်ကွက် ရေဖုံးလွှမ်း
DVB
·
October 22, 2016
စစ်ကိုင်းတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြို့ပေါ် ၁၀ ရပ်ကွက် ရေဖုံးလွှမ်း
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ဒီနေ့မနက်ပိုင်းက ၅ နာရီကျော်ကြာ မိုးသည်းထန်စွာရွာ သွန်းတာကြောင့် မြို့ပေါ် ၁၈ရပ်ကွက်ရှိတဲ့အနက် ၁၀ရပ်ကွက် ရေဖုံးလွှမ်းခဲ့ ပါတယ်။

မနက် ၇ နာရီလောက်က သည်းကြီးမဲကြီးရွာချခဲ့တဲ့မိုးဟာ ၁၂ နာရီခွဲလောက်မှာမှ ရပ်တန့်သွားခဲ့ပြီး မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးခဲ့တာပါ။

စစ်ကိုင်းမြို့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက မိုးကြီးတာနဲ့ မြို့ရေထွက်ပေါက်တွေ ပိတ်နေတာကြောင့် ရေကြီးခဲ့တာလို့ ပြောပါတယ်။

“မိုးကြီးတဲ့အခါကျတော့ ခုနက ပြောတဲ့ ရေစီးရေလာ မကောင်းတာပေါ့နော်၊ ရေထွက်ပေါက်တွေ ပိတ်နေတာ။ မြောင်းတွေက မြေတွေဖို့ပြီးတော့ အိမ်တွေဆောက်ကြတဲ့အခါကျတော့ ပိတ်ကုန်တာပေါ့ဗျာ၊ အဲ့ဒါကြောင့် ရေက မထွက်နိုင်တာ။”

မိုးလေ၀သဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ရဲ့ တိမ်စွယ်တန်းတွေကြောင့် ဒေသအလိုက် မိုးကြီးခဲ့တာလို့ ပြောပါတယ်။

ဓာတ်ပုံ - Silver Heart

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013